Part_29

25.9K 851 34
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_29

"ခင်ဗျားတို့ မဟုတ်တာ မပြောနဲ့"

''တွေ့ချင်ရင် နောက်နှစ် ဒီလိုအချိန်မှာ ပြန်လာခဲ့ ကလေးလာထိန်းကူ''

ဒီရဲရဲ့ လက်တစ်ဖက်က ဘောင်းဘီ အိတ်ထဲကို နှိုက်ထားပြီး တစ်ဖက်က မိုးပေါ်ကိုထောင်လိုက် မြေကြီးကို ထိုးလိုက်နဲ့   မထီမဲ့မြင်ပုံစံမျိုး လုပ်ပြကာ  ခန့်မင်းသာရဲ့စိတ်ကို ဆွနေလေသည်....

"ဘာကွ.... တောက်"

""မင်း  မင်း မင်းသေချင်နေပြီ ထင်တယ် '''

ခန့်မင်းသာရဲ့ မျက်နှာကြီးက ပြင်မရအောင် ပျက်သွားပြီး ရှုးရှုးရှားရှား  ဖြစ်လာတော့သည်....

"အဟ ငါသေမလား မင်းပဲ သေမလား တစ်ပွဲလောက် လက်ရည်စမ်းလိုက်ကြမလား"

"ဂျွတ် ဂျွတ်''

ဒီရဲက ပြောနေရင်းက ခြေခွဲရပ်ပြီး အသင့်ပုံစံအနေအထား ပြင်ပြီး ရပ်နေကာ ဇက်ကို ချိုးလိုက် လက်ချောင်းတွေကို ချိုးပြလိုက် လုပ်နေတော့
ခန့်မင်းသာသည် စိတ်လျှော့လိုက်ပုံရကာ ...

"ခင်ဗျား ဖယ်ပါ ကျွန်တော့ ညီမနဲ့ တွေ့မှ ဖြစ်မှာ''

"ဟာ ဒီလူ တော်တော်ဒုံးဝေးတာပဲ ခင်ဗျားညီမ ဆိုပေမယ့် အခု ဆရာမလေး ဒေါ်သက်သော်တာထွဋ်က ဟောဒီ Gordon ရဲ့ အရှင်သခင်
ဦးသုနေတင်ထွဋ်ရဲ့ အဂ္ဂမဟေသီ ဖြစ်သွားပြီ "

"သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ မင်္ဂလာဦးမှာ မည်သူတစ်ဦးတစ်ယောက်ကမှ နှောက်ယှက်ပိုင်ခွင့် မရှိဘူး  လူကြီးမင်း လာရာလမ်းအတိုင်း ပြန်လို့ရပါပြီ "

""ဆရာတို့ ဟန်းနီးမွန်း ခရီးစဉ်ကနေ ပြန်လာရင်  ဆက်သွယ်ပေးမယ်  ဆရာမလေး  ကျန်းမာပကတိ ချမ်းသာစွာရှိပါတယ် ဆိုတဲ့အကြောင်းလေးလည်း လူကြီးတွေကို သတင်းကောင်း ပါးပေးပါခင်ဗျာ"

''တောက်''

''ဆရာမလေးကို မိဘတွေဆီမှာ ပြန်အပ်ပြီး တင့်တင့်တယ်တယ် တောင်းရမ်းပြီးတော့  ခမ်းခမ်းနားနား မင်္ဂလာဆောင်ဖို့ကအစ ကျွန်တော်တို့ ဆရာက အားလုံး စီစဉ်ထားပြီး ဖြစ်တဲ့အကြောင်းလေးလည်း ပြောပြပေးပါခင်ဗျာ ကျေးဇူးတင်ပါတယ်"

⚜️Nay Tin's Love Story⚜️Where stories live. Discover now