Part_24

19.9K 909 67
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_24

"ဟယ်လို ''

"ဟယ်လို ကိုကိုကြီးရဲ့ အသည်းနှလုံးလေး ''

''ခစ်ခစ်ခစ်''

ကိုယ့်ကလေးရဲ့ ရယ်သံလေး ကြားလိုက်ရတော့မှ နေတင် သက်ပြင်းမောကို ခိုးချလိုက်ရင်း ဆုပ်ထားမိတဲ့ လက်သီးတွေကို ဖြေလိုက်နိုင်တော့သည်.....

"အနော့်ကို ဘာလို့ အမျိုးမျိုး ခေါ်နေရတာလဲလို့''

''ဟာ ဒါလေးတောင် မသိဘူးလား  ချစ်လို့ပေါ့ကွ ချစ်လို့ ချစ်လွန်းတော့ ရင်ဘတ်ထဲကနေ ချစ်စနိုးနဲ့ ခေါ်တဲ့ နာမည်လေးတွေက အလိုလိုကို ထွက်လာတာ'''

''အယ်'''

'''တချို့ကလေးတွေကတော့ ဒါမျိုးတွေကို ဘယ်နားလည်ပါ့မလဲ အေးလေ နားလည်ရအောင်လည်း 
ကိုယ့်လို ချစ်တတ်အုံးမှကိုး "

'''ဟာ ကိုကိုကြီး'''

''အခုလို ကိုကိုကြီးလို့ အခေါ်ခံရဖို့တောင်  မနည်းခယထားရတာ''

''ကိုကိုကြီးနော်'''

'''မဟုတ်လို့လား''

''ဟာ အဲဒီတုံးက အနော် ပြောတာက အဲလို မခေါ်ချင်လို့ မဟုတ်ဘူးလေ ကိုကိုကြီးကလည်း ''

'''မသိဘူးကွာ  ဒီနေ့လည်း ကိုကိုကြီး လာခေါ်မယ်  Gordon ကို ပတ်မယ်လေနော်'''

'''ဒီနေ့က ဘာတွေရှိတဲ့​နေရာကို ခေါ်သွားမှာလဲ
ကိုကိုကြီး'''

'''သေးသေးလေး ဝတ်လာတဲ့ အရောင်ပေါ်ကို မူတည်ပြီး ပို့တဲ့နေရာကို စဉ်းစားမယ်''

''ဒီတစ်ခါတော့  Gordon ထဲမှာ လုံးဝ မရှိလောက်တဲ့ အရောင်မျိုး အနော် ဝတ်လာခဲ့မယ် ခစ်ခစ် ''

''စိန်လိုက်လေ  အရောင်တူတဲ့နေရာကို   ခေါ်သွားနိုင်ရင်သာ  ဘွာမခတ်ချေး'''

''ဘာတွေ စိန်ခေါ်နေပြန်တာလဲလို့ အနော်တို့က လက်ဝှေ့ထိုးနေတာ မို့လို့လား'''

'''ဟားဟားဟား '''

'''သဘောပြောတာပါ ကိုယ့်အသက်ရယ် လှလှလေး ပြင်ထားနော် ကိုကိုကြီး အခုလာတော့မှာ''

ဖုန်းချတာနဲ့ ဗီရိုတံခါးကို ဖွင့်ပြီး သော်တာ ခေါင်းစားရသည် ....ကိုကိုကြီးပေးတဲ့ ဂါဝန်လေးတွေ ဝတ်ရင် အဲဒီဂါဝန်နဲ့ ဆင်တူဝတ်ထားတဲ့ အရုပ်ကလေး တစ်ရုပ် ရတာမို့ 
သော်တာ့မှာ အရုပ်ကလေး ကိုးရုပ်တောင် ရနေပြီ ဖြစ်သည် ....

⚜️Nay Tin's Love Story⚜️Where stories live. Discover now