Part_7

16.2K 759 58
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_7

"သွားပါဆို အနော် ဟိုလူကြီး အသံကို နားငြီးတယ်"

"ဝုတ်"

"ဝုတ်"

"ဟေ့ ဘာဟိုလူကြီးလဲ ငါက သူတို့အဖေ''

"ဟုတ်ကဲ့ပါ ခွေးအဖေကြီးရယ်''

''အာ''

''ဟေ့  ငါက ခွေးအဖေဆို မင်းက ခွေးသူခိုး"

''ဘာရှင့်''

''ဘာခွေးသူခိုးလဲ'' 

''ခိုးပြီး အနော်က ဘာလုပ်ရမှာလဲ  ပြောပါအုံး သူတို့နဲ့  ဆပ်ကပ်ပြစားရမှာလား ဟုတ်လား''

သူ့ကို မော့ကြည့်ပြီး လာရန်တွေ့နေတဲ့ ဒီကောင်မလေးကို နေတင် ရယ်ချင်လှသည် ....

သူများတွေနဲ့ဆို ပြုံးပြုံးလေးနဲ့ ချိုသာသလောက် သူနဲ့ဆို ကက်ကက်လန်နေအောင်  အလွန်စွာလေသည် သူကလည်းသူ  ဒင်းကလေးကို စိတ်တိုအောင်ကို ပြောလိုက်ရမှ .....

"အဟက်''

သူမခိုးမခန့် ရီကာ လက်ဖျောက်တစ်ချက် တီးလိုက်ရင်း ....

"ဆပ်ကပ်လား
မဆိုး.....ပါဘူး မင်းတို့ ဖြစ်နိုင်တယ်ကွ''

''ဘာ''

''ဟိုနေ့က မင်းသင်ပေးတာတော်လို့  ငါ့သားလေးတွေက အခုဆို သားရေကွင်းတောင် ပစ်တတ်နေပြီလေ  ဟ  ဟား''

''ငါ့သားတွေကလည်းချော မင်းကလည်း သေးသေးလေးဆိုတော့ ကျွမ်းဘားတွေ ဘာတွေ ကစားပြဖို့ဆို အိုကေပဲ  ငါ Apolloကို ပါ ထည့်ပေးလိုက်မယ်ကွာ  ဘယ်လိုလဲ "

''ရှင် ရှင်''

"'အဖွဲ့က အင်အားနည်းသေးရင် မြွေတစ်ကောင်ပါ ထပ်ရှာပြီး ထည့်ပေးလိုက်မယ်ကွာ ပိုမိုက်သွားအောင် မြွေအလိမ္မာတွေ ဘာတွေပါ ပြပစ်လိုက် ဘယ်လိုလဲ လုပ်မလား"

"လုပ်မယ်လေ ရှာခဲ့လိုက် "

"ဟင်"

"အဲဒါတွေ အားလုံးစုံရင် ပြစားကြတာပေါ့  ရှင်က အရမ်း ပိုက်ဆံရှာချင်နေတာ မဟုတ်လား ရတယ် အနော်ဦးနေကြီးသားတွေနဲ့ သွားရှာပေးမယ် ဟုတ်ပြီလား"

"ဒါပေမယ့် တစ်ခုတော့ ရှိတယ်နော်"

"ဘာလဲ''

⚜️Nay Tin's Love Story⚜️Where stories live. Discover now