Part_53

17.7K 867 43
                                    

⚜️Nay Tin's Love Story⚜️
~~~~~~
Part_53

တစ်ယောက်တစ်ပေါက် ဆူညံနေကြတဲ့ ချစ်စရာ ကလေးသံလေးတွေနဲ့ ရယ်သံတွေကြောင့် နေတင် ဟိုဖက်ခြံဝင်ပေါက်နားကို  တိုးသွားမိကာ ခြံထဲကို လှမ်းကြည့်လိုက်တော့.....

"ဟင်''

ခရမ်းရောင် ပန်းကလေးတွေ အများကြီးပါလား....

ဒါ  ဒါတွေက ဒီခရမ်းရောင် ပန်းလေးတွေကို ငါ သိနေတယ် မဟုတ်လား  ဟုတ်တယ် ငါသိတယ် ထင်တယ်......

"ဟာ နေတင် လာလေ''

သူရပ်ကြည့်နေတာကို မြင်သွားတဲ့ ဟိုဖက်ခြံက လူက ရင်းရင်းနှီးနှီး ပြုံးပြပြီး ခေါ်နေတာမို့  သူပြန်ပြုံးပြရင်း သူတို့နားကို လျှောက်သွားလိုက်သည်....

"အိမ်ထဲကို သွားကြမလား လာလေ''

''ရတယ် ကိုယ်က ဒီပန်းလေးတွေ မြင်လို့  ဝင်လာတာ''

''ဦးဦး ဒီပန်းလေးရဲ့ နာမည်ကလေ ခင်လေး ဆတ်ဆတ်တုန်တဲ့ ''

''ဟုတ်လား'''

သူ့လက်ကို လာကိုင်ပြီး စကားလာပြောနေတဲ့ ချစ်စရာ ကလေးလေးကြောင့် သူငုံ့ကြည့်လိုက်မိတော့....

"ဟင်''

အနားမှာ ရပ်နေကြတဲ့ ကလေးလေးနှစ်ယောက်ရဲ့ ရုပ်လေးတွေကိုပါ သတိထားမိကာ နေတင် အံ့ဩသွားရတော့သည်....

"အဟွန်း သမီးတို့ သားတို့က အမြွှာလေးတွေပါလား  တကယ့် အချောလေးတွေပဲကွ"

"ကျေးဇူးတင်ပါတယ် ဦးဦး''
''ကျေးဇူးတင်ပါတယ် ဦးဦး'''
''ကျေးဇူးပါရှင့့်'''

"ဟားဟားဟား ''

''ကိုယ်တို့ ကလေးသုံးယောက် ယူရအောင်နော် ''

''အမလေးရှင်''

စကားတတ်လှတဲ့ ကလေးလေးတွေ ပြောနေတာကို နေတင် သဘောကျစွာ ရယ်မောနေရင်း နားထဲမှာ ကြားယောင်လာတဲ့ အသံတွေကြောင့် သူ့ခေါင်းတွေ ကိုက်ချင်လာရတော့သည်.....

"မင်းက ကလေးသုံးယောက် ရှိတာလား''

''လေးယောက်ပါ အငယ်လေးက အိပ်နေတုံးလေ''

''ဪ''

နေတင် ခွဲစိတ်ပြီး သတိရလာတော့ သိပ်မမှတ်မိတာကို သက်ဦးသခင်တို့က သိပြီးသားမို့  မေးနေတာကို အလိုက်သင့်ပဲ ပြန်ဖြေလိုက်သည်....

⚜️Nay Tin's Love Story⚜️Hikayelerin yaşadığı yer. Şimdi keşfedin