Part_22

17.6K 798 40
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_22

"ကိုကိုကြီး ....ကိုကိုကြီး ....အဟွန်း ကြိုက်တယ်''

"ဒီ nickname လေးကို ကိုကိုကြီး အရမ်းကြိုက်တယ်  ''

''ဟော်တော်'''

ချက်ချင်းကြီး သူ့ကိုယ်သူ ကိုကိုကြီးလို့  ပြောင်းသုံးရဲတဲ့ ပါးစပ်ကြီးကို သော်တာ အံဩလှသည်  ဒီလူကြီးက ရှက်လည်း မရှတ်တတ်ဘူး ထင်ပါတယ် ဟိ ဟိ......

"ဒါဆို အနော့်ကိုကော ဘယ်လိုခေါ်မှာလဲ''

"သက်ကလေးလို့ ခေါ်မယ်လေ အသေးလေးကော ကြိုက်ရဲ့လား''

''ဟုတ် ကြိုက်တယ် အနော်ကြိုက်တယ် 
ကိုကိုကြီး''

''အဟား ချစ်လိုက်ရတာ သက်ကလေးရယ် '''

သူ့ရင်ခွင်ထဲမှာ ခေါင်းလေးကပ်ကာ  မှီနွှဲ့နေပြီး မျက်ခွံလေးတွေ ဖိမှိတ်ထားတဲ့ ချစ်သူလေးကို  နေတင် ဘယ်လို ချစ်မှန်းမသိ သူ့ခါးကို တင်းတင်းလေး လာဖက်ထားတာမို့  ရင်ထဲမှာ ကြည်နူးစိတ်တွေနဲ့  ငြိမ့်ငြိမ့်လေး ခံစားနေရလေသည်....

ရင်ခုန်သံချင်း ထပ်တူကျနေကာ စကားတွေအများကြီး မပြောလည်း  တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်က အလိုလို နားလည်နေကြတာမျိုး ဖြစ်သည်....

ဒီလောကကြီးမှာ သုနေတင်ထွဋ်ချစ်ဖို့  ကမ္ဘာပေါ်က ချစ်စရာအကောင်းဆုံး မိန်းကလေးငယ်လေးတစ်ယောက်ရှိနေတယ် ဆိုတာဟာ ဘယ်လောက်တောင်မှ ကံကောင်းလိုက်သလဲ ပြီးတော့ အဲဒီမိန်းကလေးကလည်း သူ့ကိုချစ်တယ်တဲ့လေ....

"သက်ကလေး''

''ရှင်''

''ပူတူးလေး'''

'''ရှင့်'''

''လိမ္မာလိုက်တာ ကလေးရယ် ဒါလေးက ဘယ်သူ့ချစ်သူလေးပါလိမ့်ကွာ  ဟင်''

''ကိုကိုကြီးရဲ့ ချစ်သူလေ''

'''အဟွန်းဟွန်း ကိုကိုကြီးက ဒီသေးသေးလေးကို ချစ်လွန်းလို့ ရူးချင်နေပြီကွာ ''

"အနော်ရောပဲ  ကိုကိုကြီး မရှိရင်လေ အနော်က ဒီထဲမှာ ကွက်လပ်ကြီး ဖြစ်နေတာ သိလား''

''ဟာ ကိုယ့်အသက်ရယ်'''

သူ့ရင်ဘတ်လေးကို ပုတ်ပြပြီး ပြောနေရှာတဲ့ ချစ်သူလေးကို နေတင်သနားသွားရပြီး   ဆွဲညှစ်ထားလိုက်မိတော့သည်....

⚜️Nay Tin's Love Story⚜️Where stories live. Discover now