Part_9

18.6K 764 33
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_9

"Milo''

''Milo ရေ"

သော်တာက အနောက်ကနေ အသံကုန် အော်နေပေမယ့် Milo က လျင်မြန်စွာ ပြေးထွက်သွားတော့သည်....

ဘန်ကောက်ဘက်ကနေ အရေးကြီးmialဝင်စရာရှိတာဖြစ်လို့ သူထိုင်စောင့်နေရင်း အိမ်ထဲကို ကတိုက်ကရိုက်ပြေးလာတဲ့ Milo...

"သား ဘာဖြစ်တာလဲ"

Miloက သူ့ဘောင်းဘီကို အတင်းဆွဲနေလေသည်...

"Milo"

"ဝုတ် ဝုတ်"

"ဟေ့ကောင် ဘာဖြစ်နေတာလဲ"

အတင်းကြီးအပြင်ကိုဆွဲခေါ်နေတာဖြစ်လို့..

"ဟင် Arloကော သား"

တစ်ခုခုတော့ ဖြစ်နေပြီဆိုတာသိလိုက်ပြီမို့ အခုနတည်းက လက်နက်ဂိုဒေါင်ကပြန်လာတည်းက အိမ်ရှေ့မှာရှိနေတဲ့ Apolloကျောပေါ်လွှားခနဲခုန်တက်လိုက်လေသည်....
သူတက်လိုက်တာနဲ့ Miloက ရှေ့ကနေပြေးလေတော့သည်..

"သားကြီး ညီလေးနောက် နောက်စမ်း"

ပုံမှန်အပြေး​ပြိုင်ရင် Apolloကနိုင်နေကြဆိုပေမယ့် ဒီနေ့တော့ MiloကApolloထက် ပိုပြီးတော့သွက်နေကာတစ်ခုခုကိုဇောကပ်နေဟန်...
Arloတစ်ခုခုဖြစ်နေတာကျိန်းသေနေပြီဖြစ်လို့ နေတင်ရင်ထဲစိုးရိမ်မှုက ကြီးစိုးလာလေသည်....
_
_
_
_

"ဝုတ် ဝုတ်''

"Arloလေး  သားက ခဏလေး ငြိမ်နေနော်''

"ဟားဟား အခုက မင်းရဲ့ခွေးစုတ်ကို စိတ်ပူနေရမယ့်အချိန် မဟုတ်ဘူးကွ မင်းဟာမင်းသာပူ''

''တောက်'''

"ခွေးလောက်တောင် အဆင့်မရှိတဲ့ကောင်ကများ ငါ့ကို ခွေးစကား လာပြောနေတယ်''

"ဘာကွ  မင်းက အခုထိ မမှတ်သေးဘူးလား"

''ဝုတ် ဝုတ်''

''တောက် ''

''လူရော ခွေးရော နားတွေ ညီးတာကွာ ဒီနေ့တော့ မင်းတို့ သေပြီသာမှတ်''

သော်တာ အရမ်းကြောက်နေပေမယ့်  ဟန်ကိုယ့်ဖို့လုပ်ကာ အချိန်ဆွဲနေရသည် ....အနီးအနားကို မသိမသာ မျက်လုံးကစားကြည့်လိုက်တော့ မလှမ်းမကမ်းမှာ တုတ်တစ်ချောင်း....

⚜️Nay Tin's Love Story⚜️Where stories live. Discover now