Part_38

22.6K 800 24
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_38

"အဲဒါကြီးကို အနီးကပ် ကြည့်ချင်လို့ အနားမှာ ထိုင်တာ မဟုတ်လား ကြည့်ဒီမှာလာကြည့်''

''ဟာ ပူတူး''

''ဘာလဲ ဘာလဲ အနော့်ဟာက သေးနေလို့လား ဟုတ်လား ဆီလီကွန် သွားထည့်ပေးရမလား ပြော''

''အာ ပြဿနာပါလား မိန်းမရယ်"

''ဘာ ''

"ပြဿနာ ဟုတ်လား အနော်က ပြသနာပေါ့လေ ဟုတ်လား''

''ဟာ ''

''ကလေးလေး လွဲကုန်ပြီ ကိုကိုကြီး ပြောတာက ပူတူးလေး ထင်တာက လွဲနေပြီလို့ ပြောတာ''

''ဟွန့် ထင်တာမဟုတ်ဘူး မြင်တာ မြင်တာ အနော့် မျက်စိနဲ့ သေချာကြီးကို မြင်ခဲ့တာ ''

နေတင်က ပေါ့ပေါ့ပါးပါး အင်္ကျီလေးတစ်ထည်ကို ပူတူးလေးကို ကောက်စွပ်ပေးလိုက်ရင်း နှစ်ယောက်ထိုင်ဆိုဖာပေါ်ကို ချီလာခဲ့လိုက်သည်..

ပူတူးက အတင်း တွန်းထိုး ရုန်းကန်နေရင်း....

"သွား မချီနဲ့ လာမထိနဲ့ဖယ်''

''ကလေးကလည်းကွာ ကိုယ်ပြောတာ အရင် နားထောင်အုံးလေကွာ ''

''နားမထောင်ချင်ဘူး အနော့်ကို ဘာမှ လာမပြောနဲ့ ''

''အခုပူတူးလေး စိတ်ကောက်နေတာက ဟိုဆိုင်မှာ ကိုကိုကြီးက ကြည့်နေတယ် ထင်လို့ပေါ့လေ ဟုတ်လား''

''မဟုတ်လို့လား''

''ကြည့်နေတာကတော့ မှန်တယ်''

''ဘာ''

''ဒါပေမယ့် လူကို မဟုတ်ပါဘူး မိန်းမရယ် သူမုန့်ပြင်တာကို သေချာကြည့်နေတာ''

''ညာချင်ရင် ယုံအောင် ညာလေ သူမုန့်ပြင်တာကြည့်ပြီး ဘာလုပ်မလို့လဲ ရောင်းမလို့လား''

''အဟား မိိန်းမကလည်းကွာ မင်းယောက်ျားက ကွေ့တီယိုတော့ ရောင်းမလားကွ ဝန်ထမ်းတွေကို ကျွေးဖို့ ကြည့်တာပေါ့''

''သူဘာတွေ ထည့်လဲ မုန့်ကို ဘယ်လို ပြင်လဲဆိုတာ သေချာ ကြည့်နေတာ Gordon ကိုရောက်ရင် ဒေါ်ညွှန့်ကို သေချာ ပြန်သင်ပေးမလို့''

''ဟွန့်''

''တကယ်ပါ မိန်းမရယ် ကိုကိုကြီးက ဒီဆိုင်မှာ ဒါကောမှ သုံးခါလား စားဖူးတာပါ အရင်ကတော့ တွေ့တဲ့နေရာမှာ ထိုင်လိုက်တာပဲ အခုတစ်ခေါက်က ခုံတွေအကုန်ပြည့်နေတာရယ် ဘာလို့ လူကြိုက်များလဲဆိုတဲ့လျှို့ဝှက်ချက်ကို သိချင်လို့ရယ် တမင် အနားမှာ သွားထိုင်တာ ''

⚜️Nay Tin's Love Story⚜️Where stories live. Discover now