Part 4

15.4K 1.5K 10
                                    

'ဟာ အားမာန် ခင်ဗျားဘာလုပ်တာလဲ'

'ရေထဲမပြုတ်ကျချင်ရင် မြဲမြဲကိုင်ထား'

ရွက်ကြိုးကိုမော့ကြည့်ချိန်ဆနေသော အားမာန်က သူရိန့်ကို လှမ်းမကြည့်ဘဲ အဖြေပေးလိုက်သည်။

လေထန်သောနေ့မို့ ရွက်လှေဖြူလေးများ ကမ်းနားမှလျှင်မြန်စွာ ပြေးထွက်သွားနေပြီဖြစ်သည်။ သူရိန်ဘာမှမတတ်နိုင်တော။ ပင်လယ်မှာမွေးသူမို့ ရေမကြောက်ပါ။ ဒါပေမယ့် ခန့်မှန်းရခက်လှတဲ့ အားမာန်ဆိုတဲ့ကောင်လေးနဲ့အတူ လှေတစ်စင်းထဲမှာရှိနေတာကိုတော့ သူနည်းနည်းမှ စိတ်မကြည်နိုင်။

'ဒီကြိုးကိုကိုင်ထား သူရိန် .. ဒါရှေ့ရွက်ကြိုးပဲ'

ရွက်ကြိုးတစ်ကြိုးဖြစ်ဟန်တူသော ကြိုးစတစ်ခုကို ကမ်းပေးလာသော အားမာန်ကို သူစိတ်ရှုပ်စွာကြည့်လိုက်မိသည်။

'ကျွန်တော်တစ်ခါမှ ရွက်လှေနဲ့မသွားဖူးဘူး'

'ဘာမှစိတ်မပူနဲ့ ဟိုရွက်ပေါ်က ကြိုးစနှစ်စကိုတွေ့လား.. အဲဒီကြိုးနှစ်စကို မျဉ်းပြိုင်အနေအထားဖြစ်အောင် ကြိုးကိုအမြဲညှိပေးနေ.. ဒီကြိုးကိုအတင်းအလျှော့လုပ်ရုံပဲ.. ရှေ့ရွက်က အရှိန်အနှေးအမြန်မို့လို့ မှားလဲပြဿနာမရှိဘူး ရွက်အကြီးနဲ့ ပဲ့ကိုင်ထားတဲ့ငါမှားမှ လှေမှောက်မှာ..'

လေသံရော လှိုင်းသံရောကြောင့် အားမာန်ပြောသမျှကို မကြားတစ်ချက် ကြားတစ်ချက်ဖြစ်နေမိသည်။

စင်လွင့်လာသော ပင်လယ်ရေများကြောင့် သူရော အားမာန်ပါ ရေတွေစင်ကုန်ပြီဖြစ်သည်။ သက်ပြင်းတစ်ချက်ချကာ စိတ်လျှော့လိုက်ပြီး အားမာန်လက်ထဲမှ ကြိုးစကို လှမ်းယူလိုက်သည်။ သိပ်တော့လည်း မခက်ခဲပါ။ ကြိုးသေးလေးနှစ်ချောင်း မျဉ်းပြိုင်အနေအထားရောက်သွားသည်နှင့် ရွက်လှေပြေးနှုန်း သိသိသာသာမြန်လာသည်။ ပင်လယ်လေက သူရိန့်မျက်နှာကို အရှိန်ပြင်းစွာ တိုးဝှေ့ကာ သူ့ဆံပင်တွေကို တဖျတ်ဖျတ်လွင့်ပါးသွားအောင် တိုက်ခတ်နေသည်။

ပင်လယ်ထက်မှာ အတောင်မပါပဲ ပျံသန်းနေရသလို။

သူ စိတ်လက်ပေါ့ပါးကာ ပျော်ရွှင်လာမိသည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now