Part 29

12.8K 1.1K 7
                                    

မြို့သစ်တစ်ခုရဲ့ ကျယ်ပြန့်သော ခြံတစ်ခုရှေ့မှာ အားမာန် ကားစက်ရပ်လိုက်သည်။

ဘေးနားပါတ်ဝန်းကျင်တွင် အိမ်ရာတိုက်တာများရှိနေပေမယ့် ဘယ်သူမှနေသေးသည့်ပုံမရ။ လမ်းတစ်လမ်းလုံး အားမာန်ကားတစ်စီးမှလွဲလျှင် လူသွားလူလာပင် မရှိပေ။ ကားပေါ်မှ ဆင်းကာ ခြံကျယ်ကြီးထဲ လှမ်းဝင်လာခဲ့သည်။ နေသားစီးနေကျဖြစ်သော အဖြူရောင် တိုယိုတာ ပရာဒိုကားကို ခြံထောင့်တစ်နေရာတွင် ရပ်တန့်ထားသည်ကို တွေ့လိုက်ရသည်။

သော့မခတ်ထားသော တံခါးကိုတွန်းအဖွင့် ဂစ်တာတီးသံသဲ့သဲ့ကို ကြားလိုက်ရသည်။ ဂစ်တာတစ်လုံးပိုက်ကာ သံစဉ်တစ်ခုကို တီးခတ်နေသော နေသား သည် လွန်ခဲ့သည့်အတိတ်ကာလကပုံရိပ်အတိုင်းပင်ဖြစ်သည်။

ပထမဆုံးအကြိမ် နေသားဂစ်တာတီးသည်ကို တွေ့ခဲ့ရချိန် အားမာန် မျက်တောင်ပင်မခတ်နိုင်အောင် အားကျခဲ့ဖူးသည်။ ထိုစဉ်က သူ အလယ်တန်းကျောင်းသားဘ၀ပင် ရှိဦးမည်။ ငြိမ့်ညောင်းသောသံစဉ်၊ ခန့်ညားသောဟန်နှင့် အချိုးကျလှသော နေသားသည် နတ်သားတစ်ပါးလို ထည်ဝါလွန်းသည်ဟု အားမာန်ထင်ခဲ့ဖူးသည်။ သူ ဂစ်တာတီး တတ်အောင် သင်ပေးခဲ့သူသည်လဲ နေသား ပင် ဖြစ်သည်။

အားမာန်ကို နေသား ခေါင်းညိတ်နှုတ်ဆက်ကာ တီးလက်စ သံစဉ်ကို အဆုံးသတ်လိုက်သည်။

'နောက်ကျလှချည်လား..'

'ခင်ဗျားခေါ်လိုက်တိုင်း ပြေးလာရအောင် ကျွန်တော် မအားသေးဘူး ဦးငယ်'

အားမာန် အိစက်နေသော အဖြူရောင် သားရေဆိုဖာကို ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

သူ့တစ်ကိုယ်လုံး မောပန်းနွမ်းနယ်နေသည်။ တကယ်တမ်းဆိုလျှင် သူ အိမ်ပြန်ချင်လှပြီ။ သူရိန် သူ့ကိုစောင့်နေမှာ မဟုတ်သော်လည်း သူရိန်ရှိနေသောနေရာကို ပြန်ရသည်နှင့်ပဲ သူ ကျေနပ်စိတ်ချမ်းသာမိသည်။ လူချင်းမဆုံမိပေမယ့် သူရိန့်အခန်းထဲမှ မီးရောင် လဲ့လဲ့ကိုမြင်ရသည်နှင့် သူ့အနားမှာရှိနေပါလားဆိုသည့် အသိတစ်ခုနှင့် အားမာန် ကျေနပ်နိုင်သည်။

'ပြန်ချင်နေပြီလား အားမာန်..'

အားမာန်စိတ်ကူးကို ရိပ်မိသည့်နှယ် နေသား မေးလာခဲ့သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now