အပိုင်း ၃

10.5K 990 42
                                    

လှိုင်းများကြားမှ ရွက်လှေဖြူလေးသည် နိမ့်လိုက်မြင့်လိုက်နှင့် ကမ်းခြေရှိရာ ဦးတည်လာနေသည်။ အုန်းပင်စိမ်းများ၊ ဘန်ဂလိုငယ်များ၊ သောင်ပြင်ဖွေးဖွေးနှင့် ကမ်းရိုးတန်းရှည်မြင်ကွင်းကို ပင်လယ်မှမြင်ရသည်မှာ စွဲမက်စရာပင်။ သောင်ပြင်နားသို့ နီးသထက် နီးလာချိန် ဒူးလောက်နက်သောရေထဲသို့ အားမာန် ခုန်ဆင်းလိုက်သည်။ ဟိုတယ်ဝန်ထမ်းကောင်လေးတစ်ယောက်က သူစီးလာခဲ့သည့် ရွက်လှေကို သောင်ပြင်ထက်သို့ ဆွဲတင်သွားသည်။

ဘန်ဂလိုများရှေ့ရှိ ခေါက်ခုတင်ထက်တွင် ဇေယျသည် ဖုန်းနှင့်မျက်နှာကပ်နေသည်။ အခြားနေရာလွတ်များရှိနေသော်လည်း သူငယ်ချင်းဖြစ်သူကို တွန်းဖယ်ကာ အတင်း၀င်ထိုင်သောကြောင့် ပျစ်ပျစ်နှစ်နှစ်ဆဲတော့သည်။

'မင်းဘယ်တွေလျှောက်သွားနေတာလဲ။'

'လှေသွားစီးတာလေ။'

'ခွေးမသား.. ငါသိတယ်။ မင်း အဖေကို ပြောမသွားလို့ မေးနေတာ။'

ဇေယျပြောချင်တာကို တစ်ချက်ငြိမ်စဥ်းစားပြီးမှ အားမာန် နားလည်ကာ ပြုံးဖြစ်သည်။

'ခိုင် မင်းကို ဂျီနေလို့လား။'

'ဂျီတာလား ဧယဥ်ကျူးတာလား မသဲကွဲလို့ မသာရေ။ မင်းအကောင်တွေ မင်းနိုင်အောင် ထိန်းစမ်းကွာ။ အနားယူဖို့လာပါတယ်ဆိုမှ ခေါင်းနောက်လိုက်တာ။'

ဇေယျကို ပခုံးချင်းတိုက်ပြီး လှဲချတော့ ဆဲသံမျိုးစုံနှင့် နေရာပြောင်းသွားသည်။ ဘယ်လောက်ဆဲဆဲ အားမာန် မျက်နှာမပျက်။ ဇေယျနှင့်သူက ညီရင်းအစ်ကိုထက် ပိုခင်သည်။ သူ့ဘ၀ရဲ့ ရွေးချယ်မှုတွေ၊ အဆိုးအကောင်းတွေကို မ‌ေ၀ဖန်ဘဲ ခင်မင်ပေါင်းသင်းနိုင်သည့် တစ်ဦးတည်းသော သူငယ်ချင်း။

တိုက်ခတ်လာသော ပင်လယ်လေကို ငြိမ်သက်ခံယူကာ မျက်လုံးများကို မှိတ်ထားဖြစ်သည်။ အိပ်ပျော်နိုင်မှာ မဟုတ်တာကို မိမိသာသိသည်။ ရင်ထဲမှ နှလုံးခုန်သံသည် ပုံမှန်ထက်မြန်နေသည်။ အတွေးထဲမှ ပုံရိပ်သည် ယခုတိုင် မပျောက်နိုင်သေး။ မဖြစ်နိုင်။ မျက်နှာတစ်ခြမ်းလုံး ရောင်ကိုင်းနေသူတစ်ယောက်သည် ချောမောနေတာတော့ မဟုတ်။ မည်သည့်ပုံစံသွင်ပြင်ဆိုတာကို ခန့်မှန်းရုံ သိနိုင်တာ မဟုတ်ဘူးလား။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now