အပိုင်း ၂၀

6.4K 699 60
                                    

သစ်ပင်ရိပ်သည် အေးမြနေသည်။ ထိုသစ်ပင်ရိပ်အောက်မှ ခုံတန်းရှည်လေးသည်လည်း ရောက်လာသူတိုင်းကို အမောပြေစေသည်။ တိတ်ဆိတ်နေသော ပန်းခြံလေးသည် အသက်၀င်လာသည်။ ကျောင်းဆင်းချိန်ဖြစ်သောကြောင့် စကားသံ၊ ရယ်မောသံများ ဆူညံနေသည်။

'အရူးကြီးကွ..'

'အေး..ကြောက်စရာကြီး။'

'နံလိုက်တာ။ ရေမချိုးဘူးလားမသိဘူး။'

ကျောင်းသားလေးနှစ်ယောက်သည် ခုံတန်းရှည်ပေါ်တွင် ထိုင်နေသူဘေးမှ ဖြတ်လျှောက်သွားသည်။ အ‌ေ၀းသို့ရောက်မှ ထပ်လှည့်ကြည့်သည်။ 

လှောင်ရယ်သံများသည် နေသား အတွက် အထူးအဆန်းမဟုတ်။

လက်ထဲမှ ထီးမည်းလေးကို ငုံ့ကြည့်သည်။ မိုးသည်းသော တစ်နေ့မှာ လာပေးခဲ့သည့် ထီးလေးကို ဆုပ်ကိုင်ထားဆဲ။ ထိုကောင်လေးကို ပြန်ပေးရမည်။ တဖြည်းဖြည်းနှင့် အသွားအလာ ရှင်းလာသည်။ ကားသံ၊ ဟွန်းသံများ နည်းလာသည်။ ဖြူနုနုကောင်လေးကို မတွေ့ရ။ ကျောင်းမတက်တာလား မသိ။ ဘာဖြစ်တာလဲ။ နေမကောင်းဘူးလား။

'ဦး..'

ခေါ်သံက သူ့ဘေးမှာ။ ဖြူစင်သောအပြုံးကို နောက်တစ်ကြိမ် မြင်ရသည်။ ဆံပင်အိအိလေးများ အုပ်မိုးထားသောကြောင့် မျက်ခုံးလှလှများကို မမြင်ရ။

'ကျွန်တော် မုန့်သွား၀ယ်နေတာ။ စားဦး ဦးလေး။'

ကမ်းပေးသော မုန့်များသည် အဖိုးတန်မုန့်တွေ။ ဆာလောင်နေသော ၀မ်းဗိုက်က ဆန္ဒပြသည်။ လူနှင့်သူနှင့်တူအောင် မစားခဲ့ရသည်မှာ လပေါင်းများစွာ ကြာခဲ့ပြီ။ ရန်ကုန်ရောက်လာကတည်းက ခြေချစရာ နေရာမရှိခဲ့။ တိုက်ခန်းများအောက်တွင် ဖြစ်သလို အိပ်သည်။ ကုန်းတံတားအောက်။ စျေးရုံထဲ။ လူမြင်လျှင် မောင်းထုတ်ခံရသည်။ မမြင်လျှင် တစ်ညတာအတွက် နေရာရသည်။

မုန့်အိတ်ကို ဘေးမှာ ချသည်။ ဒီကောင်လေး သူ့ကို မကြောက်ဘူးလား။ ရေမချိုးရသည်မှာ ကြာခဲ့ပြီဖြစ်သော ကိုယ်ခန္ဓာသည် ညစ်ပေနေသည်။ ပါးသိုင်းမွှေးတွေ၊ မုတ်ဆိတ်မွှေးတွေနှင့် လူရုပ် မပေါ်သူ။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now