Part 15

13.3K 1.3K 5
                                    

တကယ်တမ်း သူပင်သွားခိုင်းခြင်းဖြစ်သော်လည်း အလွယ်တကူ သဘောတူကာ ထွက်ခွာသွားသည့် အားမာန်နောက်ကျောကို စိုက်ကြည့်ရင်း သူရိန့် ရင်ထဲမှာ ၀မ်းနည်းသွားသည်။ သူ ဘာတွေဖြစ်နေတာလဲ။ ဒူးပေါ်မှာလက်မှောက်အိပ်ကာ အချိန်အတန်ကြာသည်အထိ သူငြိမ်သက်သွားမိသည်။

'သူရိန်'

'ဦးဦး'

မမနှင့်ထွတ်ငယ်တို့ သူရိန်ဆီအပြေးတစ်ပိုင်းနှင့် လျှောက်လာကြသည်။

'ဦးဦးနိုးပြီလား.. ဘာလို့အဲဒီလောက်တောင် အကြာကြီးအိပ်ရတာလဲ'

'သားငယ် ဦးဦးကို အရမ်းမလုပ်နဲ့.. နေကောင်းသေးတာမဟုတ်ဘူး.. သူရိန်ရယ် ငါ့မှာစိတ်ပူလိုက်ရတာ'

သူရိန့်ကိုသိုင်းဖက်ထားသော ထွတ်ငယ်လက်ကိုဖြေကာ ချိုချို ပြောလာသည်။ အစ်မဖြစ်သူ၏မျက်နှာသည်လည်း တော်တော်ပိန်ကျသွားတာ သူသတိထားမိလိုက်သည်။ မျက်တွင်းတွေညိုကာ ပါးတွေချိုင့်နေသည်။

'နင်ရော နေကောင်းရဲ့လား..'

'အင်း'

မမက ခေါင်းကိုတစ်ချက်ညိတ်ကာ ပါလာသော ထမင်းပန်းကန်ကို သူရိန်ရှေ့သို့ တိုးပေးလိုက်သည်။

'အားမာန်ပြန်သွားပြီလား'

'အေး. အခုနကပဲ ငါ့ကိုနှုတ်ဆက်ပြီး ပြန်သွားပြီ..'

ဘာရယ်ကိုမသိ။ သူရိန်အလိုမကျစွာ စိတ်တိုမိသွားသည်။ သူ့ရှေ့မှထမင်းပန်းကန်ကို ခပ်ဝေးဝေးသို့ တွန်းလိုက်သည်။

'ငါမဆာသေးဘူး'

'ညကျရင်ပြန်လာမယ်ပြောသွားတယ်.. အကျီင်္လဲဖို့သွားယူတာလို့ပြောတယ်.. သူ နင်သတိမေ့ကတည်းက ဟိုတယ်ကိုတစ်ခေါက်မှ မပြန်ဖြစ်သေးဘူးလေ..'

သူရိန်အံ့သြသွားသည်။ ပြီးမှ အားမာန်ကို နည်းနည်းဒေါသဖြစ်သွားသည်။ ခဏပြန်သည်ဆိုတာကို သူ့ကိုဘာလို့မပြောခဲ့ရပါသလဲ။

'သူရိန် ငါနင့်ကိုပြောစရာတွေအများကြီးရှိလို့ ဘယ်ကစပြောရမှန်းတောင် မသိတော့ဘူး..'

အခန်းထဲမှ ပြေးထွက်သွားသော ထွတ်ငယ်ကိုလှမ်းကြည့်ကာ ချိုချို ပြောလာသည်။ တစ်ခါမှ စကားခံပြောလေ့မရှိသော မောင်နှမနှစ်ယောက်မို့ သူရိန် အစ်မဖြစ်သူကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ သတင်းဆိုးတွေများလားလို့ တွေးမိတော့ စိတ်ထဲထင့်သွားသည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now