Part 8

13.8K 1.3K 1
                                    

ကမ်းခြေရွာလေးမှာ တောက်ပသောမီးရောင်များအောက်တွင် သက်ဝင်လှုပ်ရှား နေသည်။

ပင်လယ်ကမ်းခြေအမှတ်တရ လက်ဆောင်ပစ္စည်းများ၊ ခရုဆွဲကြိုး၊ လက်ကောက်ရောင်းသောဆိုင်များနှင့် ပြည့်နှက်နေသည်။ အ၀တ်ဆိုင်၊ ဦးထုပ်ဆိုင်များမှာလည်း ရောင်စုံခင်းကျင်းထားသည့်အပြင် စားသောက်ဆိုင်များမှ ဟင်းနံ့ အကင်ဆိုင်များမှ အသားကင်နံ့များမှလည်း ပင်လယ်ဆားငန်လေနှင့်အပြိုင် သင်းကြိုင်နေသည်။

ဆေးရောင်းသော ဦးလေးထွန်းဆိုင်ရှေ့မှာ သူရိန်ဆိုက္ကားရပ်ကာ ခုန်ဆင်းလိုက်သည်။ ဧည့်သည်သိပ်မရသော ညနေခင်းတစ်ခုမို့ သူနည်းနည်းစိတ်ရှုပ်နေမိသည်။ ဒါပေမယ့် အရေးကြီးသော မေမေ့အတွက်ဆေးကတော့ မ၀ယ်လို့မဖြစ် ၀ယ်ရမည်ဖြစ်သည်။

'ဦးလေး.. ထုံးစံအတိုင်း ဆေးပေးပါဦး'

'အကြွေးတော့မလုပ်ပါနဲ့ ကောင်လေးရာ.. ငါလည်းအရင်းပြုတ်တော့မယ်ကွ..'

'ချက်ချင်းရှင်းမှာပါဗျာ.. ဦးလေးကလဲ'

'မသိဘူးလေ.. မင်းတွေ့လိုက်တိုင်း အကြွေးချည်းဝယ်နေတာဆိုတော့ ကြိုပြောထားရတာ'

ကွမ်းစားများသောကြောင့် နီရဲနေသော သွားများကိုပေါ်အောင် ရယ်ရင်း ဦးလေးထွန်းပြောလာသည်။ ဒါကလည်း အမှန်မို့ ဟာဗျာဆိုသည့် စကားတစ်ခွန်းဖြင့် သူရိန်ခေါင်းကုတ်ကာ ရယ်လိုက်ရသည်။

'မင်းအမေရော ဘယ်လိုလဲ'

'ဒီလိုပါပဲဗျာ.. အိပ်ယာထဲက ထနိုင်တယ်လို့ကို မရှိပါဘူး'

ဦးလေးထွန်းလက်ထဲမှ ပလတ်စတစ်ဆေးအိတ်လေးကို လှမ်းယူလိုက်ပြီး ပိုက်ဆံအလိပ် ခပ်နွမ်းနွမ်းကို ကမ်းပေးလိုက်သည်။

'အေးကွာ..သားသမီးတွေ လိမ္မာလို့တော်သေးတာပေါ့'

'ကျွန်တော်သွားတော့မယ် ဦးလေး'

'အေး အေး..'

ဆေးဆိုင်မှအထွက် ခပ်လှမ်းလှမ်းမုန့်ဟင်းခါးဆိုင်တွင် ထိုင်နေသော သူရိန်နှင့် ဆိုက္ကားနင်းဖက် ဦးကျော်က လှမ်းခေါ်နေသည်မို့ ဆိုင်ထဲငုံ့ဝင်လိုက်သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now