Part 35

12.9K 1.1K 2
                                    

မုန့်နံ့ ကော်ဖီနံ့သင်းနေသော အဆင့်မြင့်ကော်ဖီဆိုင်လေးမှာ လေအေးပေးစက်ကြောင့် အေးစိမ့်နေသည်။

သာယာသော အနောက်တိုင်းသံစဉ်တစ်ခုက တစ်ဆိုင်လုံးကို လွှမ်းခြုံထားသည်။ အဖြူရောင် ခေါတ်မှီလေးထောင့်စားပွဲရှည်များနှင့် အ၀ိုင်းပုံ ခုံရှည်များကို အရှည်လိုက် တန်းစီချထားသည်။ တစ်ဆိုင်လုံးကို နက်ပြာရောင်မှန်ကာထားပြီး ဆိုင်မျက်နှာကြက် ပါတ်ချာလည်တွင် မီးသီးငယ်များ ထွန်းညှိထားသည်။

အခန်းထောင့် စားပွဲတစ်ခုတွင် ice coffee ခွက်ထဲမှ ရေခဲတုံးလေးများကို ပိုက်နှင့်လှည့်ကစားရင်း သူရိန် ငြိမ်သက်စွာ ထိုင်နေသည်။ အသားရောင် ဆွယ်တာလက်ရှည်နှင့် ဂျင်းဘောင်းဘီအနက်ရောင်ကို ပေါ့ပေါ့ပါးပါး ၀တ်ထားပေမယ့် သန်မာသော ကိုယ်ခန္ဓာအချိုးအစားက ထင်းနေသည်။ မညှပ်ဖြစ်သည်မှာ ကြာခဲ့ပြီဖြစ်သော ဆံပင်တိုများက အတန်ငယ်ရှည်လာပြီ ဖြစ်သောကြောင့် ရှင်းသန့်သော နဖူးပေါ် ၀ဲကျနေသည်။

'သူရိန်'

'ကိုဇေယျ'

သူရိန့်ပခုံးကို ဇေယျကိုင်ခေါ်လိုက်မှ အိပ်မက်မှနိုးလာသူတစ်ယောက်လို သူရိန်မော့ကြည့်မိသည်။ ဆိုင်အ၀င်ဝကို ကျောပေးထိုင်နေသည်ဖြစ်၍ ဇေယျ ဆိုင်ထဲဝင်လာတာကို သတိမထားမိလိုက်။

ဇေယျ သူရိန့်ကို အကဲခတ်သလို ငုံ့ကြည့်ကာ သူရိန့်ရှေ့မှ ခုံလွတ်တွင် ၀င်ထိုင်လိုက်သည်။

'မင်းတို့ဘာတွေဖြစ်နေကြတာလဲ သူရိန်'

'ကျွန်တော်လဲ မသိဘူး ကိုဇေယျ....'

ဇေယျ နားမလည်။

အားမာန် သူ့အိမ်ရောက်နေသည်မှာ နှစ်ပါတ်ကျော်ကြာလာခဲ့ပြီ။ ဘာမှလည်းမေးလို့မရ။ အိမ်ပြန်ခိုင်းသော်လည်း နည်းနည်းမှမလှုပ်။ မနေ့က သူရိန် ဇေယျကိုဖုန်းဆက်ပြီး စကားပြောစရာရှိသည်ဟု ဆိုလာခဲ့သည်။

'အားမာန် ကိုဇေယျအိမ်မှာလား'

'အေး...'

'ဘာပြောသေးလဲ'

'ဘာမှမပြောလို့ခက်တာပေါ့ သူရိန်.. ငါ ဘာမှမေးလို့မရဘူး..'

ပင်လယ်နဲ့လှေငယ်Where stories live. Discover now