Part 21

13.5K 1.3K 7
                                    

'အားမာန်..အိမ်ရောက်ပြီ'

သူရိန့်အသံကြောင့် တင်းတင်းပိတ်ထားသော မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ အားမာန်အိမ် ကားဂိုဒေါင်ထဲတွင် သူရိန်ကားကိုရပ်ထားပြီးဖြစ်သည်။ သူ့တစ်ကိုယ်လုံးမှာ ရှိသမျှ အင်အားတွေအကုန် ပျောက်ကွယ်မောပန်းလို့နေသည်။

'ခင်ဗျား.. နေကောင်းရဲ့လား'

'အင်း.. နည်းနည်းပင်ပန်းတာပါ.. အိပ်လိုက်ရင်ကောင်းသွားလိမ့်မယ်'

'အဲဒီလူ ဘယ်သူလဲ အားမာန်'

ကားတံခါးဖွင့်ဆင်းရန် ဟန်ပြင်နေသော အားမာန်လက်များ ရပ်တန့်သွားသည်။

'ဘယ်သူ့ကိုပြောတာလဲ'

'ခင်ဗျားကို သင်းမာ မိတ်ဆက်ပေးတဲ့ သူကိုပြောတာ'

အားမာန် အောက်နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားလိုက်မိသည်။ သူရိန် သူတို့နှစ်ယောက်ကို သတိထားမိလိုက်မည်ဟု မထင်ထားခဲ့။

'သင်းမာအစ်မရဲ့အမျိုးသား...'

သင်းမာအစ်မအိမ်ထောင်ကျသွားကြောင်း အားမာန်သိထားခဲ့သော်လည်း ထိုလူဟာ နေသား ဆိုတဲ့သူတစ်ယောက်ဖြစ်နေမည်ဟု နည်းနည်းမှမထင်ခဲ့။

'ခင်ဗျားနဲ့သိလား'

အားမာန်ခေါင်းခါဖြစ်လိုက်သည် ထင်သည်။ ပထမဆုံးအကြိမ် သူရိန့်ကို လိမ်ညာမိခြင်းဖြစ်သည်။

'တစ်ခါမှမသိဘူးလား အားမာန်'

'အင်း'

'ဒါဆိုဘာလို့ ခင်ဗျားဒီလောက်မျက်နှာပျက်သွားရတာလဲ'

အားမာန်ပြန်ဖြေဖို့ စကားများပျောက်ဆုံးနေသည်။

'အားမာန်.. ကျွန်တော်မေးနေတယ်'

'မင်း စိတ်ထင်တာဖြစ်လိမ့်မယ်. ငါခေါင်းတွေကိုက်နေတယ်.. ခဏလောက်သွားနားချင်တယ'်

နောက်တစ်ကြိမ် ကားတံခါးကိုဖွင့်ဖို့အလုပ် သူ့ပခုံးကိုခပ်ကြမ်းကြမ်း ဆွဲလှည့်လိုက်သည့် သူရိန်ကြောင့် အားမာန်အံ့သြသွားမိသည်။ သူရိန် မျက်လုံးညိုညိုများက မီးတောက်များနှယ် တစ်လက်လက်တောက်ပလို့နေသည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now