အပိုင်း ၅

8.8K 952 25
                                    

နောက်နားဆီမှ ဆိုင်ကယ်ဟွန်းတီးသံကို ကြားရသည်။ သူရိန် လမ်းဘေးကပ်ကာ ရှောင်ပေးလိုက်သည်။ ဆိုင်ကယ်သည် ကျော်တက်မသွား။ အရှိန်လျော့ပြီး ဘေးမှ ကပ်မောင်းလာသောကြောင့် လှည့်ကြည့်ဖြစ်သည်။ မောင်းသူနေရာမှာ မျက်နှာလုံးလုံးနှင့် ချစ်စရာ မိန်းကလေးတစ်ယောက်။

'မိုး..'

'တွေးနေလိုက်တာ။'

'လမ်းလျှောက်ရင်း စာတွေ ပြန်တွေးနေတာ။'

'မကြွားပါနဲ့။ ကြိုးစားမှန်း သိပါတယ်။'

ဆိုင်ကယ်ကို စက်သတ်ပြီး ဆင်းလာသည်။ မိုးပွင့်သည် သူရိန်ထက် အသက်ကြီးသည်။ ရန်ကုန်မှာ ကျောင်းတက်နေသောကြောင့် တစ်ခါတလေမှ ရွာပြန်လာတတ်သည်။ ပျားပိတုန်းများနှင့် ဆင်ဆင်တူသော ရွာမှ ကာလလူငယ်များအားလုံး၏ အသည်းစွဲ ပန်းတစ်ပွင့်ဆိုလျှင်လည်း မမှားပါ။

'ဘယ်သွားမလို့လဲ။'

'xx..ဟိုတယ်။'

'ဘာသွားလုပ်မလို့လဲ။ အဲ့ဒီ့မှာ ငါ့ဦးလေးတစ်ယောက်လည်း အလုပ် လုပ်နေတယ်။'

'ငါ အင်တာဗျူးဖြေရမယ်။ ညစောင့်အလုပ် လျှောက်ထားတယ်။'

'ဟယ်.. နင်ကလည်း စာမေးပွဲ ဒီလောက်နီးနေပြီကို။'

'အဲ့ဒါကြောင့် ဒီ အလုပ်လျှောက်တာပေါ့ဟ။ အလုပ်မှာ စာကျက်လို့ရတယ်။ အိမ်မှာက ပိုက်ဆံအမြဲလိုနေတာ။ နင် သိရဲ့သားနဲ့ မိုးရာ။'

'နင့်အစ်မကို အလုပ်လုပ်ခိုင်းပါလားဟာ။ သူ အားနေတာပဲ။'

တစ်ချိန်က သံယောဇဥ်ကြောင့် မိုးပွင့် စိတ်ပူပန်စွာ ပြောဖြစ်သည်။ သူမကို စိတ်၀င်စားနေကြသော ရွာမှ လူများအားလုံးထဲမှာမှ သူမက သူရိန့်ကို သဘောကျခဲ့ဖူးသည်။ သူရိန်ဖက်ကတော့ သူငယ်ချင်းဆိုတာထက် မပိုခဲ့။ သူမလို မိန်းကလေးကိုပင် ပြန်မကြိုက်နိုင်သောကြောင့် ရွာလူငယ်များကြားတွင် သူရိန့်ကို အခြောက်ဟု စနောက်မှုများ စတင်လာခဲ့တာကိုတော့ စိတ်မကောင်း။

'အစ်မက အမေ့ကို ကြည့်နေရတာ။ ထွတ်ငယ်လေးလည်းရှိတယ်။'

ပင်လယ်နဲ့လှေငယ်Where stories live. Discover now