အပိုင်း ၁၂

7.6K 869 31
                                    

မိုးရွာနေသည်။ ရေကူးကန်ထဲ တပေါက်ပေါက်ကျနေသော မိုးစက်လေးများကြောင့် ပေါ်လိုက်ပျောက်လိုက် လှိုင်းငယ်လေးများ ဖြစ်ပေါ်နေသည်။ ခြံထဲမှ မီးအလင်းရောင်သည် မိုးစက်များကြောင့် တောက်ပမှုမရှိ။

တံခါးခေါက်သံကို ကြားရသည်။ အိပ်ပျော်နေသော ထွတ်ငယ်ကို မနိုးသွားရအောင် သတိထားပြီး ဖြည်းဖြည်းခေါက်သံဖြစ်သည်။ အားမာန်သည် ယခုလိုပင် အသေးစိတ်အချက်လေးများကအစ တစ်ဖက်သားအပေါ် သိတတ်နေပြန်သည်။ စားပွဲပေါ်မှ နာရီကို လှမ်းကြည့်တော့ ည ၁၁ နာရီ။

'မအိပ်သေးဘူးလား။'

'ခဏ..'

'ဟင်..'

'ခဏလာဦး ချာတိတ်ရ။'

ညအချိန်တွေမှာ ဒီ အခန်းကို လာလေ့မရှိသူ။ ယနေ့မှ ထူးခြားနေသည်။ သူရိန် တံခါးကို နောက်ပြန်စေ့ပိတ်ပြီး ခေါ်ရာနောက်သို့ လိုက်လာခဲ့သည်။ အိပ်ခန်းရှိရာသို့ ဦးတည်သွားနေသည်ကိုမြင်တော့ ရင်ထဲမှာ ဒိန်းခနဲ ရင်ခုန်မိသည်။ ထင်ထားသမျှ မှားခဲ့သည်တွင် အားမာန်၏ ကိုယ်ကျင့်တရားလည်းပါသည်။ ရန်ကုန်ရောက်သည်နှင့် ခရီးလွန်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ယခုအချိန်ထိ အနမ်းတစ်ချို့မှလွဲပြီး ရှေ့ဆက်လေ့မရှိသူ။ နှစ်ယောက်တည်းရှိမည့်အချိန်များကို သိသိသာသာ ရှောင်တတ်သူ။

'မျက်စိမှိတ်ထား..'

ရိုးသားသောအပြုံးကို မြင်ရတော့ အတွေးဆန်းနေသည့် မိမိအဖြစ်ကို ရှက်မိသည်။ အခန်းတံခါးကို ခပ်ကျယ်ကျယ်ဖွင့်ထားပေးနေသူ သဘောကျ မျက်လုံးများကို မှိတ်လိုက်သည်။ လက်ဖ၀ါးကိုကိုင်ကာ ရှေ့သို့တိုးသည်။ ထိုလက်များက နွေးနေသည်လား။ မိမိလက်များက အေးနေသည်လား။

'ရပြီ..'

မျက်လုံးများကို ဖွင့်ကြည့်ချိန်တွင် ခုတင်ပေါ်တွင် ထောင်ထားသော ပြောင်လက်တောက်ပနေသည့် ဂစ်တာတစ်လုံးကို တွေ့လိုက်ရသည်။

'Happy Birthday'

'ဗျာ'

'မင်းအတွက် မွေးနေ့လက်ဆောင် သူရိန်'

ပင်လယ်နဲ့လှေငယ်Where stories live. Discover now