အပိုင်း ၁၁

7.9K 940 67
                                    

သံပုံးထဲမှ ရွက်လှအခက်ကို ဆွဲထုတ်လိုက်သောအခါ အခက်၏ အောက်ခြေရင်းနားတွင် အမြစ်တစ်ချို့ ထွက်ပြူနေပြီကို တွေ့လိုက်ရသည်။ အသည်းပုံစံ ရွက်စိမ်းများနှင့် Pothos ခေါ် စပျစ်နွယ်ပင်ရွက်လှမျိုးဖြစ်ပြီး မျိုးပွားရန်အတွက် အပင်မှ ဖြတ်ယူထားသော အခက်ကိုသုံးလေးရက်ခန့် ရေစိမ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုတော့ အမြစ်ငယ်များ ရှိနေပြီ။ အလှကြွေပန်းအိုးငယ်ထဲ ပြောင်းစိုက်လိုက်ပြီး ရေအနည်းငယ်သာ လောင်းလိုက်သည်။ အိမ်တွင်းအလှဆင်သည့် ရွက်လှပင်မျိုး ဖြစ်သောကြောင့် ရေမကြိုက်။

'လာပါ သားရ။ ဦးမာန်ရှိတယ်။'

'ဟင့်အင်း..'

'ငန်းကြီး စီးမယ်ဆို။'

'အင်း..'

'ရေထဲမဆင်းဘဲ ဘယ်လိုစီးမလဲ။'

'ဦးမာန် သွားခေါ်ခဲ့။'

'အတူတူ သွားခေါ်ရအောင်။ လာပါ သားရာ။ ဘာမှမဖြစ်ဘူး။'

ရွက်လှပင်ကို ဘေးမှာချပြီး မလှမ်းမကမ်းရှိ ရေကူးကန်သို့ သူရိန် အကြည့်ရောက်သည်။ ရေကူးကန်ထဲမှ အားမာန်သည် ကန်ဘောင်ပေါ်မှ ထွတ်ငယ်ကို လှမ်းခေါ်နေသည်။ ရေကူးသင်ရန်အတွက် လက်မောင်းတွင် လေသွင်းထားသော ပလတ်စတစ် ရေကူးလက်ပတ် ၀တ်ထားသော ထွတ်ငယ်လေးမှာ ရေထဲမဆင်းဘဲ လက်ကိုပိုက်ကာ ငြင်းနေသည်။ ရေကန်အလယ်တွင် ထွတ်ငယ်လေးကို ရေထဲဆင်းဖို့ ဖျားယောင်းရန်အတွက် အားမာန် ၀ယ်ထားသော အဖြူရောင် ပလတ်စတစ်ငန်းရုပ်ကြီးသည် ပတ်ချာလည်နေသည်။

သူရိန် ခေါင်းကိုခါရင်း တစ်ချက်ရယ်လိုက်သည်။ ဇွဲကြီးလှသည့် အားမာန်ပင်။ သုံးလေးရက် ကြာတာတောင် အလျှော့မပေးသေး။ သူသာဆိုလျှင် စိတ်မရှည်တော့ဘဲ လက်လျှော့လိုက်ပြီး ဖြစ်လိမ့်မည်။ ပင်လယ်တွင်ကြီးပြင်းလာပြီး ရေမကြောက်တတ်သည့် ထွတ်ငယ်သည် ယခုအိမ်သို့ ရောက်ကာစအချိန်က ရေကန်ထဲခုန်ဆင်းသည်။ ရေကူးကျွမ်းကျင်ပြီးဖြစ်သည့် အားမာန်အတွက် သီးသန့်ပြုလုပ်ထားသည့် ကိုယ်ပိုင်ရေကူးကန် ဖြစ်သောကြောင့် လူတစ်ရပ်ကျော်နက်သည်။ ပင်လယ်ကမ်းခြေမှာလို ခြေထောက်မီလိမ့်မည်ထင်နေသော ထွတ်ငယ်တစ်ယောက် ရေတွေမွန်းကုန်သည်။ ထိုအချိန်ကတည်းက ရေကန်ထဲဆင်းဖို့ကို ထွတ်ငယ် ငြင်းတော့သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now