အပိုင်း ၂၆

6.7K 666 31
                                    

လေပြင်းအဝှေ့တွင် သစ်ကိုင်းသစ်ခက်များ၏ ဒေါသတကြီး အော်မြည်သံများ ထွက်ပေါ်သည်။ တွန်းတိုက်သောလေပြင်းကြောင့် ပိတ်ထားသော ပြတင်းတံခါးချပ်များ တုန်ခါသည်။ ထင်းမီးဖိုမှ မီးတောက်များသည် တလွင့်လွင့်။ ညသန်းခေါင်အချိန်ကို အံတုကာ ပူပြင်းသော မီးညွှန့်များကို အန်ထုတ်သည်။

နေသား ဂစ်တာကြိုးကို တို့ခတ်ကစားရင်း သူ့ရှေ့မှာ ရှိနေသူကိုလှမ်းကြည့်သည်။ မျက်လုံးများသည် ဖျော့တော့နေသည်။ ၀မ်းနည်းရိပ်ကို သပ်ဖယ်ပေးချင်သည်။ သို့သော် တောင်းဆိုနေသည်ကိုတော့ မလိုက်လျောနိုင်။

'ဒီစကားတွေကြောင့် ကိုယ် စိတ်ပြောင်းလိမ့်မယ်လို့ မင်းထင်လို့လား။'

'တောင်းပန်ပါတယ် ဦးငယ်ရာ။ ကျွန်တော်တို့နှစ်‌ယောက်စလုံး နောက်ဆုတ်ရအောင်။'

ဂစ်တာရှိရာ ခေါင်းငုံ့ပြီး သံစဥ်ကို အာရုံစိုက်သည်။ မင်္ဂလာပွဲကို ဖျက်ပေးဖို့ တောင်းပန်နေသူ။ သူ့လို လူတစ်ယောက်ကို ဖျောင်းဖျလို့ ရလိမ့်မည်ဟု အားမာန် ယုံကြည်ဆဲပင်။

'ရှေ့ဆက်ရင် ကျွန်တော်တို့ နှစ်ယောက်စလုံး စိတ်ချမ်းသာမှာ မဟုတ်ဘူး။ ကျွန်တော့်ကို သင်းမာနားမှာ တွေ့တိုင်း ဦးငယ် ခံရခက်နေဦးမှာပဲ။'

'ကိစ္စမရှိဘူး။ ကိုယ် ပြင်ဆင်ထားပြီးသား။'

ရှေ့နားသို့ ရောက်လာသည်။ ဒူးထောက်ထိုင်ရင်း မျက်လုံးများထဲ စိုက်ကြည့်သည်။ သူ့လက်များကို အုပ်ကိုင်တော့ ဂစ်တာသံများ ရပ်သွားရသည်။

'ကျွန်တော် သိတယ်။ သင်းမာကို ဦးငယ် မုန်းလိမ့်မယ်။ ဒုက္ခပေးလိမ့်မယ်။ ကျွန်တော့်ဘေးနားမှာ ဘယ်သူပဲ ရှိနေ ရှိနေ ဦးငယ် လက်ခံနိုင်မှာ မဟုတ်ဘူး။ ကျွန်တော် ကတိပေးတယ်။ ကျွန်တော် တစ်ယောက်တည်း နေပေးမယ်။ ကျွန်တော့်ဘေးမှာ ဘယ်သူ့မှ မရှိစေရဘူး။'

နေသား ပြုံးသည်။ ပါးပြင်ရှိရာ လက်လှမ်းတော့ နေရာမှမရွှေ့။ အေးစက်သော ပါးပြင်တစ်ဖက်ပေါ် လက်ဖ၀ါးရောက်ချိန် ရင်ခုန်သံမြန်လာသည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now