အပိုင်း ၁၀

8.2K 944 53
                                    

မွန်းတည့်နေမင်းသည် အလျှံညီးညီးနှင့် အစွမ်းရှိသမျှ တောက်ပ ပူလောင်နေသည်။ စာမေးပွဲခန်းထဲမှ ထွက်လာကြသော ကျောင်းသူကျောင်းသားများ၏ စကားသံများသည် ကော်ရစ်ဒါတစ်လျှောက် ဆူညံနေသည်။ အခန်းအပြင်တွင်ရပ်ကာ လက်ကျန်ရေကို မော့သောက်ပြီးတာတောင် သူရိန် အမောမပြေနိုင်ဘဲ ရင်တွေပူနေဆဲဖြစ်သည်။ ဘာသာရပ်တိုင်းကို ကောင်းမွန်စွာဖြေဆိုနိုင်ခဲ့ပေမယ့် ၀မ်းသာဖို့ သတိမရ။ သူ့ မိခင်သည် မီးစာကုန်ခမ်းလာသော ဖယောင်းတိုင်တစ်တိုင်လို မစားမသောက်နိုင်သည့် အခြေအနေထိ ဆိုး၀ါးနေပြီဖြစ်သည်။ ဆေးရုံတင်ဖို့ပင် အားနည်းလွန်းသောကြောင့် ဆရာ၀န်တစ်ယောက် အိမ်တိုင်ရာရောက် နေ့စဥ် လာရောက်ပြုစုကုသပေးနေရပြီ ဖြစ်သည်။

စာမေးပွဲရက်များသည် သူ့အတွက်ခက်ခဲလွန်းလှသည်။ အမူးသမား ဖခင်သည် မသာအိမ်မှာ ငါမနေဘူးဆိုပြီး ထွက်သွားခဲ့သည်မှာ ကြာခဲ့ပြီ။ ဘယ်ရောက်သွားမှန်း မည်သူမှ မသိ။ အိမ်တွေ ခေတ္တခဏ လာကူပေးသော အစ်မကို အနားရစေချင်သောကြောင့် ညအချိန်များတွင် မိခင်ကို ပြုစုရသည့်တာ၀န်ကို စာကြည့်ရင်း တွဲယူထားသည်။ တစ်ညကို နှစ်နာရီ၊ သုံးနာရီလောက်သာ အိပ်ချိန်ရှိသည်မှာ ရက်ပေါင်းကြာခဲ့ပြီ။

ကျောင်း၀င်းပြင်ကို ထွက်လာခဲ့သည်။ ပူပြင်းလှသော နေရောင်ကြောင့် လမ်းဘေးမှ မြက်ပင်များမှာ ခြောက်သွေ့နေကြသည်။ နေရောင်ကြောင့် သဲ့သဲ့ထင်လာသော တံလျှပ်များကို တစ်ချက်တစ်ချက်မြင်နေရသည်။ နေပူထဲ ရောက်သည်နှင့် တရိပ်ရိပ် မူး‌ေ၀လာသောကြောင့် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ တစ်ကိုယ်လုံး နုံးချိပြီး နေရာမှာပင် ထိုးအိပ်ချင်စိတ်ကို တားမရ။ မိမိအမည်ကို လှမ်းခေါ်နေသံကို ကြားရပြီး အနားကပ်လာသော ဆိုင်ကယ်ပေါ်မှ ဦးကျော်ကို တွေ့ရသည်။

'ဖြေနိုင်လား သား'

'ဟုတ်ကဲ့။'

'နေကောင်းရဲ့လားကွ။ မင်း ကြည့်ရတာ အားမရှိသလိုဘဲ။'

'ဖျားနေပြီထင်တာပဲ ဦးလေးရာ'

'လာ လာ.. ငါ မင်းကိုလာခေါ်တာ။'

ပင်လယ်နဲ့လှေငယ်Where stories live. Discover now