အပိုင်း ၁၉

6.6K 727 70
                                    

ကန်ရေပြင်မှ လေညင်းသည် မနက်ခင်းအပူချိန်ကို သိသိသာသာလျှော့ချပေးသည်။ စိမ်းစိုသော သစ်ပင်မြင့်များသည် ရှုပ်ထွေးသော မြို့ကြီးနှင့်မသက်ဆိုင်။ ကြာရွက်စိမ်းများသည် လှိုင်းများပေါ်တွင် ကခုန်နေဆဲ။ ဖူးပွင့်နေသော ကြာပန်းအချို့သည် နောက်ခံကရ၀ိက်ဖောင်တော်ကြီးနှင့်အတူ ကျက်သရေရှိစွာ လှပသည်။ 

ကွေ့ကောက်နေသော သစ်သားတံတားလေးပေါ်တွင် ပြေးသွားသော ကလေးငယ်တစ်ယောက်။ ယှဥ်တွဲလျှောက်နေသောကြောင့် လက်ချင်း ထိမိသည်။ မသိမသာ လှမ်းကိုင်လိုက်သည့် လက်ဖ၀ါးကြောင့် ရင်ခုန်သံကို ထိန်းမရ။ ထွတ်ငယ်သည် လက်ထဲမှ ဘောလုံးကို မြှောက်ပြသည်။ အော်ပြောသော်လည်း အ‌ေ၀းရောက်နေသောကြောင့် ကောင်းမွန်စွာ မကြားရ။ ဘောလုံးကန်ဖို့ ခေါ်နေခြင်းဖြစ်မည်။

အားမာန်နှင့် ထွတ်ငယ်သည် ဘောလုံးကန်ရာတွင်လည်း တွဲဖြစ်ကြသည်။ ထွတ်ငယ်လေး ကန်သမျှကို ဘယ်တော့မှ မလွတ်အောင် ထိန်းပေးကာ ပြန်ပို့ပေးနိုင်သူ။ တစ်ယောက်တည်း ကန်လေ့ရှိသော ထွတ်ငယ်မှာ အဖော်ရကတည်းက အပျော်ကြီးပျော်နေသည်။

အရိပ်ကောင်းသော သစ်ပင်အောက်ရှိ မြက်ခင်းပြင်မှာ ထိုင်လိုက်သည်။ ထွတ်ငယ်ကို ခဏရပ်ခိုင်းပြီး ဆံပင်ရှည်ကို စည်းဖို့ ကြိုးစားနေသူကို ကြည့်ရင်း ရယ်ချင်လာသည်။ ထိုကောင်လေးအကြောင်း မသိတာလည်း မဟုတ်။ ထင်သည့်အတိုင်းပင်။ အားမာန် အဆင်သင့်မဖြစ်သေးဘဲ ဘောလုံးကို ကန်လိုက်သည်။ ခေါင်းနောက်မှ ဆံပင်ရှည်ကို လက်နှစ်ဖက်ဖြစ် စုကိုင်ပြီး ဘောလုံးနောက် ပြေးလိုက်နေသူကိုကြည့်ကာ အော်ရယ်မိသွားသည်။ ထိုသူသည် အငြိုးကြီးသူဟု မထင်ထားခဲ့။ ကန်လိုက်သည့် ဘောလုံးက ထိုင်နေသော မိမိရှိရာသို့ တည့်တည့်ရောက်သည်။ အရှိန်မပြင်းလှသောကြောင့် လက်နှင့်ပုတ်ထုတ်လိုက်ရုံသာ။

'ဟာ.. လူညစ်ကြီးဗျာ..'

ဘေးနားမှာ ၀င်ထိုင်ရင်း ပြုံးနေသူထံမှ အကြည့်မလွှဲနိုင်။ ဖြူသန့်နေသော မျက်နှာပြင်တွင် လိုအပ်ချက်ဆိုတာ မရှိ။ ချွေးစို့နေသော နှာဖျားကပါ လှသည်။ ဘယ်အချိန်က ဒီလောက်တောင် သူ စွဲလမ်းသွားမိခဲ့တာလဲ။ နေ့စဥ်နေ့တိုင်း အတူရှိနေတာပင် မလုံလောက်နိုင်တော့။ ထိုသူ၏ မျက်လုံးများတွင် ရောင်ပြန်ဟပ်နေသော မိမိပုံရိပ်ကို သဘောကျသည်။ မျက်လုံးကြည်လေးများကို ချစ်သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now