Part 1

34.6K 986 21
                                    

အချစ်ရဲ့ အရသာဟာ cotton candy လေးလို ချိုမြိန်တယ်။

အဲ့တာကြောင့် ကျွန်တော်ဟာ cotton candy ကို အချစ်ရဲ့ သင်္ကေတလို့ သတ်မှတ်ထားသူတစ်ယောက်။

ရှလွင် ~~~~~ ✨✨✨💫💫💫

ကျွန်တော်လုပ်တဲ့ cotton candy လေးတွေဟာ ချိုမြိန်ခြင်းတွေသာမက အချစ်ကြိုးလေးတွေကို ခိုင်မြဲစေဖို့ အထူးစပယ်ရှယ် ပြုလုပ်ထားတဲ့ candy လေးတွေ။😇😇😇

ချိုမြိန်တဲ့ အချစ်တွေကို cotton candy က ယူလာပေးသလို ခိုင်မြဲတဲ့ အချစ်တွေကို ယူလာပေးဖို့ကတော့ သော့ခလောက်လေးတွေရဲ့တာဝန်။

အဲ့ဒီသော့ခလောက်လေးတွေပေါ်က ဆုတောင်းလေးတွေကို ဖြည့်ဆည်းပေးဖို့ကတော့ ကျွန်တော့်တာဝန်ပေါ့။

အားလုံးလည်းရိပ်မိနေကြလောက်ပြီလို့ ထင်ပါတယ်။

အဟမ်း...အဟမ်း...

ကျွန်တော်ကတော့ နှလုံးသားများကို ပေါင်းစည်းပေးပြီး အချစ်တွေကို ဖန်တီးပေးတဲ့ မြှားနတ်မောင်လေး ဟိန်းမာန်...😎😎😎

************************************

ဒီနေ့မှထူးထူးခြားခြားကျွန်တော် ဘတ်စ်ကားမစီးပဲ ကျောင်းသို့ခြေလျင်လျှောက်ခဲ့မိတယ်။

ကျောင်းနဲ့အိမ်...အိမ်နဲ့ကျောင်း...သိပ်ဝေးခြင်းတော့မဟုတ်။

ဒါပေမဲ့ကျွန်တော်က ဘတ်စ်ကားစီးရင် မှတ်တိုင်ဆုံးတဲ့အထိတစ်ခါ...ပြီးမှကျောင်းကို တစ်ခါစီးတော့ အိပ်ချိန်လေးပိုရတာပေါ့။

ကားပေါ်မှာဆို ကျွန်တော့်ကို ပုခက်ထဲထည့်သိပ်နေသလိုဆိုတော့ ကိုယ်တောင်မသိပဲ မှေးခနဲမှေးခနဲအိပ်ပျော်သွားတာ😁😁😁

ကျွန်တော်လမ်းလျှောက်ရင်း အကွေ့လေးတစ်နေရာရောက်တော့ မြင်လိုက်ရတာက cotton candy ဆိုင်လေးတစ်ခု...

ခါတိုင်းကတော့ ဘတ်စ်ကားနဲ့ သွားလို့ဖြစ်မယ်။

ဒီဆိုင်ရှိမှန်းတောင် သတိမထားမိဘူး။

အိမ်မှာဒီနေ့ အချိုပွဲက ဒူးရင်းသီးမုန့်ဖြစ်နေသောကြောင့် ကျွန်တော့်မှာ အချိုပွဲမတည်းခဲ့ရ။

Sweet Like Cotton CandyWhere stories live. Discover now