Wander

1.8K 92 5
                                    

နန်းတော်မြို့ရိုးရဲ့ ပတ်လည်မှာ ကင်းလှည့်နေကြသော ရဲမက်များကို ကျွန်တော်သတိမမူ...

ကျွန်တော့်ရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း အရှေ့မှ လမ်းဆောင်နေတဲ့ သူ့ရဲ့ခြေလှမ်းတိုင်းကိုသာ သတိပြုနေမိတယ်။

သူ့လက်သေးသေးလေးရဲ့နွေးထွေးမှုလေးငွေ့ငွေ့ဟာ ဘာလို့ကျွန်တော့်ရဲ့ နှလုံးသားထိ နွေးနေရတာလဲ။

ပြီးတော့ ကျွန်တော်ဘာလို့ သူ့ရဲ့လှုပ်ရှားမှုတစ်ခုစီတိုင်းကို အသေးစိတ်ကအစ လိုက်ပြီးသတိထားနေမိတာလဲ။

"ဟိတ်!!! ဟိုနှစ်ယောက်!!!"

ကျွန်တော်ရဲ့နောက်ဘက်ခြမ်းဆီက အသံလာရာကိုဖြင့် လှည့်မကြည့်ရသေး...

ကျွန်တော့်ရဲ့ညာဘက်လက်ကို တင်းတင်းဆုပ်ကိုင်ထားတဲ့ သူ့ရဲ့လက်ကလေးဟာ ပိုလို့တောင်တင်းကြပ်လာပြီး သူပြောတဲ့ ပြေး ဆိုတဲ့ စကားသံအတိုင်း နန်းတော်ပေါက်ဝရှိရာဆီ တစ်ချိုးတည်းပြေးပါလေရော...

ကျွန်တော်တွေးနေမိတယ်...
ဘာကြောင့်များ ကျွန်တော့်ကို ဒီနေရာဆီ စေလွှတ်ခဲ့တာလဲ...
ပြီးတော့...
သူက ဘယ်သူလဲဆိုကိုပေါ့...

************************************

"မြန်မြန်မြန်မြန်..."

"မြန်နေတာပဲလေ။ ထပ်မြန်လို့မရတော့ဘူး။"

ကျွန်တော့်အမှားပါ...ကျွန်တော့်အမှား 😑

ကျွန်တော်သိတဲ့ တစ်တည်းသော အရုပ်ခေါက်နည်းဖြစ်တဲ့ ကြိုးကြာခေါက်နည်းကို သူ့သင်ပေးလိုက်တာက မဟာအမှား 😑
ကျွန်တော့်ရှေ့မှာ ချထားတဲ့ စာရွက်ပိုင်းလေးများက အရွက်တစ်ရာပင် ကျော်လောက်သည်။

လုပ်နေသည်ဆိုတာကလည်း အခုဆိုလျှင် နေတောင်ဝင်လို့ ပြန်တောင်ထွက်တော့မယ်။ 😑

ဒီလောက်အကြာကြီး ခေါက်ခဲ့ပြီးတာတောင် ဒီမနိုင်စိန်က အပြီးအထိ ခေါက်ချင်သေးတုန်း။

နှုန်းကလည်း လိပ် မဆိုနှင့် ပက်ကျိတောင် ဘိုးအေခေါ်ရမည်မှာ အမှန် 😑

သို့ပေမဲ့ ကြိုးကြိုးစားစားလုပ်နေသော သူ့ပုံရိပ်လေးက ချစ်စရာကောင်းသည်။

Sweet Like Cotton CandyWhere stories live. Discover now