Part 8

4.8K 309 0
                                    

ဆိုင်ကိုသာလျှောက်လာနေတာ။

ကျေးဇူးရှင်မိနဲ့ဖတို့ ဘာလုပ်နေမလဲဆိုတဲ့အတွေးတွေက ကျွန်တော့်ကို ရစ်ပတ်နေလျက်။

ရှော့ပင်များထွက်ကြမလား။ ထွက်ခဲ့ရင်ငါ့ဖို့ရောဝယ်လာကြပါ့မလား။

များသောအားဖြင့် ရှော့ပင်ထွက်ပြီဆို couple အကျီင်္လေးတစ်စုံတော့ပါလာပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဖို့ မဟုတ်တာခက်တယ် 😑😑😑

ဘဝက အသက်လေးဆယ်မှစတယ်ဆိုတော့ကာ အပြင်ထွက်တိုင်း အဲ့လိုအကျီင်္မျိုးတွေဝတ်ကြတာပေါ့လေ။

ဒါမှမဟုတ် ကစားကွင်းများရောက်သွားလေမလား။

လေးဆယ်မို့လို့အထင်မသေးကြပါနဲ့။ ကျွန်တော်စီးရင်တောင် မူးပြီးအန်ထွက်တဲ့ ရိုလာကိုစတာက သူတို့နှစ်ယောက်စီးတိုင်းသွားကြီးတွေကို ဖြီးလို့။ 😒😒😒

ပြီးရင် selfie တွေဆွဲလာမယ်။ ကျွန်တော့်ကို ဘယ်ပုံတွေလှလဲမေးမယ်။ ပြီးရင်အဲ့ပုံတွေကို ဖွဘုတ်ပေါ်တင်ပြီး သူတို့ဘာလုပ်တယ်ဆိုတာ မသိသူမရှိရလေအောင် ဖွကြမယ်လေ။

တွေးမိတာနဲ့တင်ရင်မောတယ် 😪😪😪

စိတ်ထဲကနေ တတွတ်တွတ်စဉ်းစားရင်းနဲ့ cotton candy ဆိုင်ရှေ့ကို ရောက်လာခဲ့တယ်။

ကျွန်တော့်ကို မြင်တာနဲ့ သွားတက်ကလေးနဲ့ကြိုဆိုနေသူကတော့ cotton candy ကိုကြီး...

မနေ့က ခွန်းရှီးအတွက်ပြင်ထားပေးတဲ့အပြင်အဆင်ဟာ မနေ့ကအတိုင်းပဲ။

နံရံပတ်ပတ်လည်းကိုကြည့်လိုက်တော့ အံမယ်...

ခွန်းရှီးနဲ့ ဥာဏ်သခင်မေတို့ရဲ့ပုံတို့က ဆိုင်ခန်းလေးကို ပတ်ချာလည်ဝန်းရံနေလျက်။

ဘုရားဘုရား...ပေးထားတဲ့ပို့စ်တွေကလည်း အလန်းဇယား။

ဘယ်တည်းကအပေးအယူတွေကြောင့် ဘယ်အချိန်တည်းကလာရိုက်သွားမှန်းမသိ။

မှန်တံခါးဝမှာကပ်ထားတဲ့ပုံကိုကြည့်လိုက်တော့ အကြည်စိုက်နေလိုက်ကြတာ။

အရှီးတစ်ကောင်က ဥာဏ်ရဲ့မေးလေးကိုကိုင်...

ဟိုကလည်း ငရှီးရဲ့ ပခုံးကိုဖက်လို့။

Sweet Like Cotton CandyWhere stories live. Discover now