Final

7.9K 202 15
                                    

နှစ်တွေကြာခဲ့ပြီ...

ပြတင်းပေါက်ရဲ့ မှန်ချပ်တစ်ဖက်က နှင်းဖြူဖြူတွေ ဖုံးနေတဲ့လမ်းမထက်မှာ ချယ်ရီပန်းဖတ်လေးတွေဟာ
နေရာယူနေဆဲ။

သော့ခလောက်လေးတွေ ချိတ်ဆွဲထားတဲ့ ဒီအခန်းငယ်လေးမှာ အနွေးစက်တွေ ဖွင့်ထားပေမဲ့လည်း မနွေးနိုင်။

ချမ်းစိမ့်မှုတွေဟာ ရှိနေမြဲ။

ကျွန်တော်ဘေးနားက ရေနွေးအိတ်လေးကို ရုတ်တရက် လှမ်းယူလိုက်မိတယ်။

တစ်စက်...နှစ်စက်...

ကျွန်တော့်ရဲ့ မျက်ဝန်းတစ်စုံးမှ ကျဆင်းလာတဲ့ မျက်ရည်စတွေဟာ ညိုဖျော့ဖျော့ရောင် သစ်သားစားပွဲလေးပေါ်သို့ ခုန်သက်ဆင်းလို့နေတယ်။

Cotton candy ကိုကြီး...
သူမရှိတဲ့ ဘဝမှာ နေရတာ ကျွန်တော်ကျင့်သားမရသေး။

ချမ်းအေးလာချိန်တိုင်း ကျွန်တော့်ကို ကမ်းပေးခဲ့တဲ့ သူ့ရဲ့နွေးထွေးလှသော လက်ကလေးတစ်စုံကို သတိရနေဆဲ။

ပင်ပန်းနေတိုင်း ခိုလှုံခွင့်တို့ပေးခဲ့တဲ့ သူ့ရဲ့ရင်ဘတ်ကျယ်ကြီးကိုလည်း တမ်းတနေမြဲ။

နာကျင်စရာတွေကြုံတွေ့လာတိုင်း ထွေးပွေ့ပေးတဲ့ သူ့ကို မမေ့ပျောက်နိုင်သေး။

သို့ပေမဲ့...
သူကျွန်တော့်ဘေးကို တစ်ဖန်ပြန်ရောက်လာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။

ဆေးရုံပေါ်မှာ မေ့မျောမှုတွေဆီက လွတ်မြောက်ခဲ့ပြီးနောက် ကျွန်တော်ကြားလိုက်ရတဲ့ သတင်းဟာ သူဆုံးပြီတဲ့လေ။

သူ့ရဲ့နောက်ဆုံးမျက်နှာလေးကိုတောင် ကျွန်တော်မြင်ခွင့်မရခဲ့တော့...

ထိုအတိတ်တွေကို ကျွန်တော်ဘယ်လိုလုပ် မေ့ပျောက်နိုင်မှာလဲ။

"Cheer up baby...cheer up baby..."

ကြောင်ဖြူ...

"ဟယ်လို..."

"ရှိုင်း...ဒီနေ့သုံးနာရီလောက်လာခေါ်မယ်နော်။ ကိုကို့ဆီသွားကြမယ်။"

"အင်း။"

"အဲ့ဒါဆိုဒါပဲနော်။"

"မုန်း...နေဦး...ငါမလိုက်ဘူး။"

Sweet Like Cotton CandyWhere stories live. Discover now