ကြောင်ဖြူရဲ့ အမူအရာတွေဟာ အခုတလော ထူးထူးဆန်းဆန်းများသာ...
ဘာရယ်တော့လည်းမဟုတ်ပါဘူး။
ညညကျရင် အပြင်လျှောက်သွားနေတတ်တဲ့ အကျင့်လေးတစ်ခုပေါ်လာခြင်းသာ...
ဘယ်သွားမယ်လဲမပြော...ဘာလုပ်မယ်လဲမပြော...အလိုက်လည်းမခံခြင်းပင် 😑
ကျွန်တော်ဆိုတာကလည်း ဒါမျိုးကိစ္စတွေကို သိချင်တာကိုလွန်ရော...
ညဖက်အပြင်ထွက်မိန့်မကျလို့သာပေါ့ 😒
ကျများသာ ကျလာကြည့် အမှန်တရားတွေဖော်ထုတ်မယ့် ရှေ့နေကြီးကို လုပ်ပစ်လိုက်မှာ 😒
"Cheer up baby...cheer up baby..."
တွေးလို့တောင်မှမပြီးသေး ရုတ်တရက်ဝင်လာသောဖုန်း...
"ဟယ်လို..."
"ငါတို့မနက်ဖြန်ပြန်ရောက်မယ်နော်။ ဦးရဲကို လာကြိုဖို့ပြောလိုက်ဦး..."
"ဟုတ်..."
ဘာ...
ပြန်လာမယ်...ပြန်လာမယ်ဆိုတာက မာမီတို့...
အဲ့လိုဆိုတော့...
အဲ့ဒီတော့..."ဗျာ 😳"
ကျွန်တော့်ပါးစပ်မှ ရုတ်တကက်လိုလိုပင် ထွက်ကာသွားသော အာမေဍိတ်...
မနက်ဖြန်လို့များပြောလိုက်လေသလား...
အဲ့...အဲ့တာဆို ကျွန်တော်အိမ်ပြန်ရတော့မှာလား 😳
Noooooooooo
မာမီတို့ရယ်...
ချစ်ခြင်းကို မခွဲပါနဲ့...ချစ်ခြင်းကိုမခွဲကြပါနဲ့ 😢😢😢Cotton candy ကိုကြီးနဲ့နေချင်သေးတယ် 😭😭😭
"မာမီတို့ကလည်း နည်းနည်းလောက်ထပ်နေလိုက်တာမဟုတ်ဘူး။"
"တီတီတီ..."
သိတယ်သိတယ်...
ဒါမျိုးအကွက်တွေရိုးနေပြီ။ပြောချင်တာပြောမယ်...တစ်ဖက်ကပြောစရာကျန်မကျန်မသိဘူး ဖုန်းချသွားမယ် 😑
သိလျက်နဲ့ သွားပြောမိတဲ့ငါကိုက အရူးတစ်ပိုင်းပါအေ 😑
ဒီနေ့က လွတ်လပ်ခြင်းရဲ့နောက်ဆုံးနေ့ဆိုတော့ cotton candy ကိုကြီးနဲ့ အပီအပြင်လည် ပစ်ရမယ်။
YOU ARE READING
Sweet Like Cotton Candy
Romanceအချစ်ဆိုတာ cotton candy လိုပါပဲ။ ချိုမြိန်တယ်...အရသာရှိတယ်။ တစ်ယောက်ထဲစားရင် ကောင်းတော့ကောင်းပေမဲ့ အဲ့ဒီ ချိုမြိန်တဲ့ အရသာကို ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူဝေမျှတဲ့အခါမှာတော့ ချိုမြန်မှုဟာ ပိုနက်ရှိုင်းသွားပြီး လောကကြီးတစ်ခုလုံးဟာ ကောင်းကင်ဘုံလိုပဲဖြစ်သွား...