Part 30

1.9K 115 2
                                    

"ငါမင်းကိုချစ်တယ်။"

ကျွန်တော်ထိုင်နေတဲ့ ဆိုဖာရဲ့ ဘေးတစ်နေရာမှာ ကြောင်ကကြွက်ကို ခုန်အုပ်သလို ဝုန်းခနဲထိုင်ပြီး ပြောလိုက်သောကြောင်ဖြူ...

သောက်နေတဲ့ ပဲနို့ရည်တွေတောင် ပါးစပ်ကနေ ဖူးခနဲပန်မထွက်ကို တမယ်ပဲ။

"ရူးနေလား။"

ပြောသော်လည်း ဖြုံတဲ့ပုံမပေါ်။

စပ်ဖြီးဖြီးနှင့် ဆက်ပြောလာတာက...

"မင်း ကိုကို့ကို ဘာလို့ကြိုက်တာလဲ။"

"ဘာ...ဘာတွေပြောနေတာလဲ။"

ကျွန်တော် cotton candy ကိုကြီးကို ချစ်မိတာကို ဖုံးကွယ်ထားတာတော့ မဟုတ်ပေမဲ့လည်း တခြားသူတစ်ယောက်သိသွားတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ။

"သောက်ပိုတွေလာလုပ်မနေနဲ့။ ငါသိတာဖြင့် ဘိုးတော်ဘုရားလေးဖက်ထောက်သွားတဲ့ခေတ်တည်းက သိနေတာ။"

"ဟမ်..."

"မေးတာသာဖြေစမ်းပါ။"

ပြောတဲ့ပုံကဖြစ့် စိတ်မရှည်သလိုနဲ့...
တစ်လောကလုံး သူ့လုပ်စာထိုင်စားနေရသလို 😒

သို့ပေမဲ့လည်း သူ့မေးခွန်းလေးက ဖြေချစ်စရာဆိုတော့လည်း မဖြေပဲက မနေနိုင်...

မြန်မာစာ စာမေးပွဲမေးခွန်းလွှာပေါ်က စာစီစာကုံးမှာ ကိုယ်ပိုင်နေတဲ့ စာစီစာကုံးပုဒ်ကြီးကို မြင်လိုက်ရသလိုကို ဖြေချင်တာ...😂

"ပြောမယ်နော်..."

"ပြော...."

အောင်မြတ်လေးဟယ်...
ပြော ဆိုတာလေးတစ်လုံးပြောဖို့ သံရှည်စွဲနေလိုက်တာ 😒

"ပထမအချက်...သူကချောတယ်...နှာခေါင်းလေးတွေ...မျက်လုံးမှေးမှေးလေးတွေ...နှုတ်ခမ်းလေးတွေက ပြောင်ပန်းချီကားချပ်ပေါ်မှာ တောင်တန်းလေးတွေကို ပြေပြေပြစ်ပြစ်ခြယ်သထားသလို...ချောင်းငယ်လေးတစ်ခု စီးဆင်းနေသလို..."

"တော်...ပုံပန်းသွင်ပြင်က အဲ့လောက်ဖော်ကျူးရင်ရပြီ... skip"

ကျွန်တော်တော့ အထင်နဲ့အမြင်တို့ လွဲမှားခဲ့ပြီ...

Sweet Like Cotton CandyWhere stories live. Discover now