Part 19

2.8K 166 2
                                    

နန်းတော်ရဲ့ ပန်းခြံကျယ်ကြီးထဲမှာ ပြေးလွှားနေကြတဲ့ ကောင်လေးနှစ်ယောက်။

အဖြူရောင်နန်းတွင်းအကျီင်္ရှည်ကို ဝတ်ဆင်ထားတဲ့ ကောင်ကလေးနဲ့ နီရဲရဲရောင်နန်းတွင်းအကျီင်္ကို ဝတ်ဆင်ထားတဲ့ကောင်ကလေး။

ရယ်သံမောသံတွေဟာ အသက်ဝင်စွာ နန်းပြင်တစ်ခွင် ပြန့်နှံ့နေလျက်။

သူတို့နှစ်ယောက်ရဲ့နောက်မှာတော့ သူတို့ပြေးရာနောက် ခြေကုန်သုတ်ကာ လိုက်နေရတဲ့ အကျီင်္အစိမ်းရောင်ဝတ်ထားသော အသက်ငါးဆယ်ကျော် ကုန်းကုန်းတစ်ယောက်။

ပြေးလွှားနေပေမဲ့ ငယ်ရွယ်သူတို့အဖို့တော့ မောပန်းခြင်းဟူသည်မရှိ။

ထိုကောင်လေးနှစ်ယောက်တို့ ဦးတည်ပြေးသွားရာနေရာဟာ ပန်းရောင်ကြာပန်းလေးများနဲ့ အလှခြယ်ထားသော နန်းတော်ရေကန်ကြီးဆီသို့...

လှပသော ကြာပွင့်များကြား တိမ်ပန်းချီလွှာ ကောင်းကင်ပြာကြီးကို အမိုးပြုလုပ်ကာ ထိုကောင်လေးနှစ်ယောက်တို့ရဲ ပုံရိပ်ဟာ ကြည်လင်လှတဲ့ ရေပြင်ပေါ်မှာ ထင်ထင်ရှားရှား ပေါ်နေလျက်။

"ငါဘုရင်ဖြစ်ရင် မင်းကိုမိဖုရားခေါင်ကြီးရာထူးပေးမယ်။"

အိမ်ရှေ့မင်းသားဖြစ်သူ အနီရောင်အကျီင်္နဲ့ကောင်လေးက ထိုစကားလေးတစ်ခွန်းကို ပြောလိုက်လေတော့...

"မင်းသားရဲ့အမိန့်ကိုတော့ မလွန်ဆန်ရဲပါဘူး။ ဒါပေမဲ့ မိဖုရားခေါင်ကြီးလုပ်ရအောင် ကျွန်တော်က ကုန်းကုန်းလည်းမဟုတ် 😒"

အနောက်တွင် ရပ်ကာ သူတို့နှစ်ယောက်ကို ထီးမိုးပေးနေသော ကုန်းကုန်းကိုမှ အားမနာ ပြောလိုက်သော အဖြူရောင်အကျီင်္နှင့်ကောင်လေး၏ စကား။

ထိုစကားရဲ့ အဓိပ္ပါယ်ကို အိမ်ရှေ့စံတစ်ယောက် မှားကာကောက်ပြီး...

"အဲ့ဒါဆိုမင်းက ငါ့အနားမှာ တစ်သက်လုံးမနေနိုင်ဘူးဆိုတဲ့သဘောလား။"

မျက်ခုံးကိုကျုံ့ကာ အိမ်ရှေ့စံတစ်ယောက် နန်းတွင်းအကြံပေးအမတ်ကြီးရဲ့ သားကိုကြည့်ပြီး ပြောလိုက်လေ၏...

စကားဆုံးသည်နှင့် ဟက်ခနဲ ရယ်လိုက်သော အိမ်ရှေ့စံရဲ့ချစ်ရသူ...

Sweet Like Cotton CandyWhere stories live. Discover now