Root of evil

2K 103 1
                                    

အနည်းငယ်လေးဟကာ ပွင့်နေသော သစ်သားတံခါးချပ်လေးကို ဆောင့်ကာဖွင့်လိုက်ပေမဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းဟာ ကျွန်တော့်ရဲ့နှလုံးသားကို ဓားနဲ့မွှန်းလိုက်သလို...

ဟင့်အင်း...
အစိတ်စိတ်အမွှာမွှာဖြစ်အောင် ပိုင်းဖြတ်လိုက်သလိုပါပဲ။

တီဗွီစင်ရှေ့မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ သူ့ကိုရင်ခွင်ကျယ်ကြီးထဲထည့်ကာ လွှမ်းခြုံပေးထားသောကိုကို...

ရှိုင်းယံရဲ့ရှိုက်သံလေးတွေဟာ လေထဲမှာ ဝဲပျံနေပေမဲ့ သူ့မျက်ဝန်းထဲမှာ ဖြည့်လို့ထားမဲ့ မျက်ရည်ပေါက်လေးတွေကို ကျွန်တော်မမြင်...

သေချာတာတစ်ခုကတော့ ကျွန်တော့်ရဲ့ မျက်ဝန်းတွေဆီမှာ မျက်ရည်တွေတွဲခိုနေလျက်...

လေအဟုန်တွေပြေးလွှားနေလို့လို့ အကြောင်းပြချက်တစ်ခုပေးရမလား...
သဲပွင့်လေးတွေရဲ့ တိုက်ခိုက်မှုကြောင့်လို့ပြောရမလား...

ဒီလိုမျိုးအကြောင်းပြချက်တစ်ခုခုကို ပေးလိုက်ချင်ပေမဲ့ အခန်းငယ်လေးထဲမှာ တိုက်ခတ်နေတဲ့လေဆိုတာမရှိ...
သဲပွင့်လေးတွေရှိနေဖို့ဆိုတာဟာ ပိုလို့တော့မဖြစ်နိုင်...

ကိုကိုနဲ့သူတို့ ကျွန်တော်ရှိရာကို မျက်နှာမမူလိုက်ခင် အချိန်လေးမှာပဲ လှေကားထစ်တွေရှိရာနေရာဆီ ကျွန်တော့်ခြေလှမ်းတွေကို ပြန်ဆုတ်ခဲ့မိတယ်။

ဒီလောက်ခံစားနေရအောင် ဒီအမှန်တရားတွေကို ကျွန်တော်မသိခဲ့ဘူးလား။

ဟက်ဟက်...
ငိုသံတွေကြားမှာ ထွက်ပေါ်လာတဲ့ရယ်သံများအဆုံး ကျွန်တော်စဉ်းစားမိတယ်။

တယ်လည်းရူးမိုက်လှတဲ့ငါပါလား...
အရင်ကတည်းက ပိုင်ရှင်ရှိပြီးသားလူတစ်ယောက်ကိုမှ သွားကြိုက်ရတယ်လို့...

တစ်ချိန်ကတော့ သူများအပိုင်ကို ကိုယ့်ဟာဖြစ်အောင်လုယူနိုင်တယ်လို့ ယုံကြည်ခဲ့တယ်။

ဒါပေမဲ့...
ဟက်ဟက်...
"သူ့နှလုံးသားကိုရော ရနိုင်ပါ့မလား။"

"ဘာလဲ။ ရှိုင်းယံဆိုတဲ့ကောင်လေးရဲ့ နှလုံးသားလား။"

မိန်းကလေးတစ်ယောက်ရဲ့အသံ...
အသံမှာ စူးရှရှတော့မဟုတ်ပေမဲ့ သြဇာများရဲ့အာဏာဟာ လွှမ်းခြုံနေသော ခပ်သြသြအသံ...

Sweet Like Cotton CandyWhere stories live. Discover now