Part 33

2.4K 109 4
                                    

မှောင်မိုက်သောညမှာ နန်းတော်ထဲကို ပြန်လည်ဝင်ရောက်လာသော ချင်နိုင်ငံ၏ တပ်မကြီး...

မြင်းကဆုန်ပေါက်သံများကြား ညီလာခံခမ်းမထဲသို့ ပြေးဝင်လာသည့် စစ်သူကြီးဝီပြောလိုက်သော သတင်းစကားကား...

"အရှင်မင်းကြီး...ဝမ်းသာစရာသတင်းပါ။
အိမ်ရှေ့မင်းသား အသက်ရှင်လျက်ပြန်လာနိုင်တဲ့အပြင် မင်နိုင်ငံရဲ့ဘုရင့်ဦးခေါင်းကိုပါ ဖြတ်ယူနိုင်ခဲ့ကြောင်းပာဘုရား။"

တစ်လတာလုံး စိုးရိမ်မှုတွေကြောင့် နွမ်းနယ်နေသော မင်းကြီး၏မျက်နှာမှာ အခုမှပြန်လည် ရွှင်လန်းလာနိုင်ခဲ့ခြင်းဖြစ်သည်။

"မြန်မြန်...မြန်မြန်ဝင်လာခိုင်းလိုက်။"

"ခမည်းတော်..."

မင်းကြီးတစ်ယောက် ပလ္လင်ပေါ်မှထကာ မင်းသားကြီးထံလျှောက်သွားရင်း...

"ချင်းလေး...တော်တယ်။ မင်းသိပ်ကိုတော်တယ်။ ဟားဟားဟား။"

************************************
"မင်းကိုသတိရနေခဲ့ရတာ။"

"ကျွန်တော်မျိုးကတော့ သတိမရပါဘူး။"

"အော်ဟော့...ဒီကောင်စုတ်လေးတော့...ကွပ်မျက်ခံချင်နေပြီလား။"

မင်းသားကြီးကို တစ်ချက်ခပ်စောင်းစောင်းလေးပြုံးပြလိုက်ကာ...

"လုပ်ရဲလို့လား။ ကျွန်တော်မျိုးစည်းပေးထားတဲ့ ပဝါဖြူကိုတောင် ဓားရှည်မှာ ချည်ထားတုန်းဟာကို။"

"ဒါငါ့အားနည်းချက်ပဲ။ မင်းကိုသိပ်ချစ်နေရတာ။ အဟမ်း...
ဒါပေမဲ့ မင်းဆီက အနန်းအားဆေးကိုတော့ ရယူမှဖြစ်မယ်။"

စကားသံများအဆုံး ကျွန်တော်တခစ်ခစ်ရယ်မိတယ်။

"ဘာလဲ။ မပေးနိုင်ဘူးဆိုတဲ့ သဘောလား။"

"မဟုတ်ရပါဘူး။ ဒါမျိုးဆို အခေါက်တစ်ထောင်...တစ်သောင်းမက ပေးနိုင်တယ်လို့ပြောမလို့ပါ...ဟိဟိ"

***********************************

"မင်းသားကြီးရဲ့အာင်မြင်မှုနောက်ကွယ်မှာဘယ်သူရှိတယ်ဆိုတာ မင်းသိပါတယ်နော်။"

ထွန်းထားသောဆီမီးခွက်မှ မီးတောက်လေးရဲ့ယိမ်းနွဲ့ရာအတိုင်း လက်ကို လိုက်လှုပ်ရှားကာ ပြောလိုက်သော မင်းသားလေး...

Sweet Like Cotton CandyWhere stories live. Discover now