Part 28

1.8K 106 5
                                    

မာမီနဲ့ဒယ်ဒီတို့ ခရီးသွားနေကြတဲ့တစ်လျှောက်လုံး ပျောက်နေတဲ့ အဆွေတော်ခွန်း...လေဆိပ်သွားမှဘဲ ပေါ်လာတော့တယ်။

လိုက်သာလိုက်လာတာ ရုပ်က ကြိုချင်လို့လာတဲ့ရုပ်ကိုမဟုတ်။

လက်ဆောင်တွေကို အရှေ့ဆုံးက တစ်ပွေ့တစ်ပိုက်သိမ်းချင်လို့လာကြိုတာ မသိရင်ခက်မယ်။

အကြံကြီးဥာဏ်ကြီးတွေဆိုတာ မပြောလိုက်ချင်ဘူး 😒

အရမ်းလွမ်းတယ်သိလား 😢

ခုနလေးတင်ကမှ တွေ့ထားပြီး လွမ်းရတယ်ရှိသေး 😒

ကျွန်တော့်မျက်စိများကို ပိတ်ကာထားချင်ပေမဲ့လည်း ခွန်းရှီးလက်မှာကိုင်ထားတဲ့ ဖုန်းရဲ့ screen ကိုလည်း မကြည့်ရမနေနိုင်...

ကြည့်ပြန်တော့လည်း လက်မှာရှိတာနဲ့သာကောက်ပေါက်ချင်စိတ်ကပေါ်ပေါ်လာ 😑

သို့ပေမဲ့လည်းကောက်လို့လို့ကမရ...

လက်မှာကိုင်ထားသည်က Gong Cha လေ...

ထုလိုက်လို့ကတော့ သူနာမနာတော့မသိ...ကျွန်တော်တော့ငတ်မှာအမှန်...

အဲ့တာထက်ပိုဆိုးသည်က ကျွန်တော့်ဘေးနားတွင်ထိုင်နေသော cotton candy ကိုကြီးကြောင့်ပင်...

ရုတ်တရက်ကျွန်တော့်ရဲ့ပခုံးပေါ်သို့ ကျရောက်လာသော လက်မောင်းတစ်ခု...

ရုပ်ကိုမမြင်ပေမဲ့လည်း ကျွန်တော်သိသည်။

ဒီဖြူဖွေးသောလက်ချောင်းလေးတွေ...

အစိမ်းရောင်အကြောလေးတွေ ထင်းနေအောင်ပေါ်နေတဲ့ ဒီလက်ဖမိုးလေးဟာ cotton candy ကိုကြီးရဲ့ လက်ကလေးဆိုတာ...

ခိခိခိ...

ကြည်နူးနေစဉ်မှာဘဲ ကျွန်တော့်ရဲ့ကတော့လေးထဲထည့်ထားသော လျောကလတ် ရေခဲမုန့်လုံးလေးဆီသို့ ကျရောက်လာသော အနီရောင်အပြားကြီးတစ်ခု...

မှန်းဆစရာပင်မလို...

ဒီလောက် သွားရည်တွေ တများများကျနေပြီး ပန်းရောင်သွေးနေတဲ့ ဒီအရာကြီးဟာ ကြောင်ဖြူရဲ့လျှာဆိုတာ 😒😒😒

တတ်နိုင်ရင် အဲ့ဒီလျှာကြီးကို ဆွဲဖြတ်ပြီး ကြိုးထုံးသလိုသာ ထုံးထားချင်တော့တယ်။

Sweet Like Cotton CandyWhere stories live. Discover now