Part 14

3.6K 263 0
                                    

ကျွန်တော် ဆိုင်ထဲကိုမဝင်မီ မှန်တံခါးပေါက်ကတစ်ဆင့် cotton candy ကိုကြီးကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။

ဟင်...
Counter တွင်သူမရှိ။

ဆိုင်ခန်းကို ကျွန်တော့်ရဲ့ မျက်လုံးများဖြင့် လိုက်ရှာနေတုန်း ကျွန်တော်ပခုံးကို တစ်ချက်ပုတ်ကာ တစ်စုံတစ်ယောက်ကခေါ်လိုက်၏။

ခေါ်သူကတော့ အခြားမဟုတ်...
ဟိုအကိုကြီးသာ 😑😑😑

ပြီးတော့လည်း အပူသည်ရုပ်နဲ့... ချွေးတွေကလည်းပြိုင်းပြိုင်းကျကာ တစ်နေရာကိုသွားလိုက်ဦးမယ်ဆိုပြီး ခပ်သွက်သွက်ထွက်သွားလေရဲ့။

ကျွတ်ကျွတ်ကျွတ်...
သူကမှ တစ်ကယ့်ကို အိမ်တွင်းအောင်းဖြစ်ပေလိမ့်မည်။

နေရောင်လေးထိလိုက်တာနှင့်ကို ချွေးတွေ အဆက်မပြတ်ကျလာတာ။

ဟူး...
ဘဝမှာ လျှောက်မလည်ပဲ အိမ်ထဲနေပြီး ဘာတွေလုပ်နေမှန်းမသိ။

သူ့နေရာမှာကျွန်တော်သာဆို ကျွန်တော့်စိတ်များ ကျဉ်းကြပ်လွန်း၍ပင် ရူးသွားနိုင်သည်။

သူလည်းအသွား၊ ကျွန်တော်လည်း တံခါးကို ဖွင့်ကာ ဝင်လာလိုက်တော့...

ဟိုတစ်ခါတုန်းက အမကြီးနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ စကားပြောနေသောသူ...

ဆက်ဆံရေးက သမီးရည်းစားလို ဆက်ဆံရေးတော့ မဟုတ်လောက်ပေမဲ့
ထိုအမကြီးကို စတွေ့ချိန်မှစ၍ ကျွန်တော် ဘဝင်မကျခဲ့။

ကျွန်တော့်ရဲ့ cotton candy ကိုကြီးနား အတင်းလိုက်ကပ်နေသလို ခံစားရသည်။

ကျွန်တော် ဝင်လာသည်ကို တွေ့သည်နှင့် cotton candy ကိုကြီး၏ မျက်နှာမှာ ပြုံးပန်းတွေဝေလာတော့...

ကျွန်တော့်ကို ဒီလောက်တောင် လွမ်းနေတာလားဗျာ 😍😍😍

သူ၏ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အမကြီးမှာလည်း ကျွန်တော်ဝင်လာသည်နှင့် တစ်ချက်ပြုံးပြီး ပြန်ထွက်လာလေ၏။

သို့သော်ထိုအပြုံးတွင် နွေးထွေးမှုမရှိ။

ထို့အတူ ကျွန်တော့်ဘေးကို သူမ ဖြတ်လျှောက်သွားစဉ် ကျွန်တော့်အား ကြည့်သွားသည့် သူမ၏ မျက်ဝန်းတစ်စုံသည်ကား ကျောချမ်းစရာ...

Sweet Like Cotton CandyWhere stories live. Discover now