Part 4

6.5K 447 19
                                    

နောက်ဆုံးတော့ ကြားလိုက်ရပါပြီ။

သာယာနာပျော်ဖွယ်ဖြစ်တဲ့ နတ်သမီးရဲ့ တေးဆိုသံလို့ ကျွန်တော်တင်စားမိတဲ့ ကျောင်းဆင်းခေါင်းလောင်းသံလေး။

ကျောင်းဆင်းတာတဲ့ ကျောင်းပေါက်ဝမှာ ကျွန်တော့်ကို စောင့်နေတာကတော့ ခွန်းရှီး...

ကျွန်တော်သူ့နား သွားလိုက်တာတဲ့ ကြားလိုက်ရတာကတော့ သတင်းကောင်းလေး 😊😊😊

ဥာဏ်သခင်မေကို လိုက်တာ စာမေးပွဲမှာ အမှတ်တွေက ဖုတ်ဖုတ်ကျတော့ ဆရာမက သီးသန့်ခေါ်သင်မယ်တဲ့လေ။

သူ့အတွက်တော့ ငရဲဆိုပေမဲ့ ကျွန်တော်ကတော့ ကောင်းကင်ဘုံဆီသို့ ရောက်သွားသလိုပါပဲလား 😇😇😇

ပျော်ရွှင်စွာနဲ့ပဲ...
ကျွန်တော့်ရဲ့ နားကြပ်အဖြူရောင်လေးကို နားတစ်ဖက်မှာ တပ်လိုက်ပြီး လက်ကလေးနှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ထည့်ကာ တက်ကြွတဲ့ ခြေလှမ်းတွေနဲ့အတူ cotton candy ဆိုင်ရှိရာသို့ လျှောက်လှမ်းလာခဲ့တယ်။

"I'm in love with the shape of you...
I'm in love with your body..."

သီချင်းစာသားတွေနဲ့အတူ ပေါ်လာတာကသူ့ရဲ့မျက်နှာ...

သူ့ရဲ့ ဘော်ဒီလေးက ဖျတ်ခနဲ ဖျတ်ခနဲ featuring လာလုပ်ပေးတော့ တစ်ချက်တစ်ချက် နတ်သားလေးတစ်ပါးက ကိုယ့်ရှေ့မှာ ပေါ်လာသယောင်ယောင်...

နှုတ်ခမ်းတစ်စုံကလည်း လမ်းလျှောက်နေရင်းနဲ့ သူ့အလိုလို ပြုံးစိပြုံးစိဖြစ်နေမိ။

ထိုပြုံးနေသောနှုတ်ခမ်းလွှာများမှ ရံဖန်ရံခါ သီချင်းများကိုပါ လိုက်ညီးမိရုံသာမက တစ်ခါတစ်ခါ အသံပင်ထွက်အောင် ရီနေမိဧ။်။

ကျွန်တော်လေ...တကယ်များရူးသွားပါပြီလား...

Cotton candy ဆိုင်ရှေ့သို့ရောက်တော့ ချောင်းလေးတစ်ချက်ဟန့်လိုက်တယ်။

"အဟမ်း...အဟမ်း"

ဘာရယ်မဟုတ်ပါဘူး...သူနဲ့စကားပြောရင် အသံနစ်နေမှာစိုးလို့ပါ 😁😁😁

ကျွန်တော်ဆိုင်ထဲဝင်သွားတာနဲ့ ကြားလိုက်ရတဲ့စကားက ခါတိုင်းလိုမျိုး
"Marn's cotton ဆိုင်ကကြိုဆိုပါတယ်" မဟုတ်ပဲ
"ရောက်ပြီလားတဲ့" 😐😐😐

Sweet Like Cotton CandyWhere stories live. Discover now