Part 15

3.9K 255 1
                                    

ကျွန်တော် သူနဲ့အတူ မြက်ခင်းကျယ်ပေါ်မှာပြေးလွှားနေတယ်။

လှိုင်းတွန့်လေးများသဖွယ် တွန့်ခေါက်နေတဲ့ တောင်တန်းကြီးက ကျွန်တော်တို့ရှေ့မှာ မားမားမတ်မတ်ရပ်နေလျက်...

ရောင်စုံလိပ်ပြာငယ်လေးများက သူတို့ရဲ့ အတောင်ပံကို ဖြန့်ကာ လှုပ်ခတ်ပြီး ကျွန်တော်တို့ နှစ်ယောက်နားမှာ ဝဲပျံနေကြတယ်။

ကျွန်တော်ပျော်တယ်...
လှပတဲ့ ရှုခင်းကြောင့်လား...
ဟင့်အင်း...မဟုတ်ဘူး...

ကျွန်တော့်ဘေးမှာ ခန့်ခန့်ညားညားနဲ့ တည်ရှိနေပြီး ကျွန်တော့်ကို ကြည့်နေသော သူ့ရဲ့နွေးထွေးတဲ့ မျက်ဝန်းများကြောင့်ပါပဲ။

ဒါပေမဲ့ ဘယ်သူသိမလဲ။

သူ့ရဲ့နွေးထွေးလှတဲ့ မျက်ဝန်းတွေဟာ တစ်မဟုတ်ချင်း အေးစက်သွားတာကို...

သူ...
ကျွန်တော်နဲ့ ဝေးရာကို ထွက်ခွာသွားခဲ့တာမဟုတ်ဘူး...
ကျွန်တော့်ကို သူနဲ့ဝေးရာဆီ တွန်းပို့ခဲ့တာ...

ဒါနဲ့...ကျွန်တော်သူ့ကို မုန်းခဲ့လား...
ဟင့်အင်း...
မမုန်းခဲ့ဘူး...

သူနဲ့အတူရှိနေတဲ့ အချိန်မှာလည်း မမုန်းခဲ့ဖူးသလို သူကျွန်တော့်ကို စွန့်ပစ်ခဲ့တဲ့ အချိန်မှာလည်း မမုန်းခဲ့ပါ။

ဒါပေမဲ့ ကျွန်တော့်နှလုံးသားကတော့ နာကျင်နေမြဲ။

ကျွန်တော် အိပ်မက်ထဲမှာ မြင်တွေ့ခဲ့ရတဲ့သူ...

အိပ်မက်ထဲမှာ ဘယ်လောက်ပဲ စူးစိုက်ကာ ကြည့်ခဲ့ကြည့်ခဲ့...အဲ့ဒီအိပ်မက်ထဲက နိုးထလာချိန်မှာတော့ အလိုလို မေ့ပျောက်သွားတာက သူ့မျက်နှာ...

ကျွန်တော် သူ့ကိုဘာကြောင့်အဲ့လောက်တောင် စွဲလန်းနေရတာလဲ...

ဟူး...

ဂလွီ...ဂလွီ...

အဟမ်းဟမ်း...
ညတုန်းက cotton candy ကိုကြီးနဲ့ ညစာစားမလို့ပဲရှိသေး ဆရာသမားက ဖုန်းဆက်ခေါ်ပြီး အခုထွက်မလာရင် နောက်တစ်ခါ လိုက်မပို့ဖူးလို့ ပြောတဲ့သကာလ ကျွန်တော်မှာ ထွက်လာခဲ့ရခြင်း 😒😒😒

ပြီးတော့ သူဝယ်ကျွေးတဲ့ ညစာဆိုတာကလည်း မလောက်မင ဆူရှီလေး ငါး၊ ခြောက်တုံးရယ် 😑😑😑

Sweet Like Cotton CandyWhere stories live. Discover now