Part 25

2.2K 102 7
                                    

"ဒီနေ့လေ...ကျွန်တော် အတိတ်ဘဝကိုပြန်မှတ်မိအောင် လုပ်ပေးတဲ့ဆရာဝန်မမဆီသွားခဲ့တယ်။"

အတိတ်ဘဝကို ပြန်မှတ်မိအောင်လုပ်နိုင်တဲ့ဆရာဝန်မမ???

"တကယ်မှတ်မိတယ်သိလား။"

သူပြောလိုက်တဲ့ ထိုစကားတစ်ခွန်းဟာ ကျွန်တော့်ရဲ့ ခြေဖျားလက်ဖျားတင်မက တစ်ကိုယ်လုံးကိုပါ အေးစက်သွားစေခဲ့တယ်။

ကျွန်တော့်ဦးနှောက်တစ်ခွင်ဟာ အေးခဲသွားသလို...

သူများသိသွားပြီလားဆိုတဲ့ စိုးရိမ်စိတ်တစ်ခုတည်းက ကျွန်တော့်ကို ချုပ်နှောင်နေဆဲ။

သူသာပြန်မှတ်မိသွားခဲ့ရင်...

ဒီလိုဖြစ်လာမယ့်နေ့ကို ကြိုလို့တောင်မတွေးရဲ...

ကျွန်တော် အလျင်အမြန်နဲ့သူ့ကို မေးလိုက်မိတာကတော့...

"ဘာတွေမြင်ခဲ့လဲ။"

***********************************

လွန်ခဲ့သော လေးနာရီခန့်...

"ဘာမြင်ရလဲ။"

"ဟင့်အင်း...မည်းမည်းကြီးပဲမြင်နေရတယ်။"

"သေချာစိတ်ကိုသေချာနှစ်ပြီး ဝင်ကြည့်မယ်နော်။"

ကျွန်တော့်ကို အတွင်းအနက်ဆုံးက မှတ်ဥာဏ်တွေဆီ ပြန်သွားခိုင်းနေသောအသံတစ်ခု...

သို့ပေမဲ့ ကျွန်တော်ဘာမျှမမြင်နိုင်။

မှိတ်ထားသော မျက်လုံးများအောက်မှ အနက်ရောင်ကားချပ်သည်ကားအတိုင်းသား...

ထိုမှတ်ဥာဏ်တွေဆိုတာ ကျွန်တော့်ဆီမှာရှိကောရှိလို့လား...

"ကဲ...အလင်းတန်းလေးတစ်ခုကို တွေ့ပြီမှတ်လား..."

အလင်းတန်း???
မည်းမှောင်လှတဲ့ မြင်ကွင်းပေါ်မှာ ဝါးတားလေးပေါ်နေတဲ့ထိုအလင်းရောင်သေးသေးလေးကို ပြောတာလား...

"အဲ့ဒီအလင်းတန်းလေးထဲလျှောက်သွားလိုက်ပါ။"

အသံတစ်ခုရဲ့ စေခိုင်းရာနောက်မှာ ကျွန်တော်စီးမြောနေခဲ့တယ်။

ထိုအလင်းတန်းလေးရဲ့ အနားကိုတိုးသွားလေလေ၊ အလင်းရောင်ဟာတောက်ပလေပဲ။

Sweet Like Cotton CandyWhere stories live. Discover now