Part 21

2.7K 153 0
                                    

အငွေ့တထောင်းထောင်းထနေသော ကော်ဖီခွက်ကို ကိုင်ကာ ကျွန်တော်ဆိုဖာတစ်ခုပေါ်တွင် ခပ်ငြိမ့်ငြိမ့်ထိုင်နေ၏။

မိုးဖွဲလေးများရဲ့ တပေါက်ပေါက်ကျမြည်သံကို အတိုင်းသားကြားနေရသည်မှာအမှန်...

ကော်ဖီရဲ့ အပူရှိန်ဟာ ပြင်းထန်နေဆဲမို့ သောက်လို့တော့ မရသေးပေမဲ့ ကျွန်တော် ခွက်နှုတ်ခမ်းတွင် ကျွန်တော့်ရဲ့ အပေါ်နှုတ်ခမ်းလေးကို တေ့ထားမိသည်။

အတွေးများထဲတွင်တော့ ယုယပြောခဲ့တဲ့ စကားလေးတစ်ခွန်းက စွဲထင်နေဆဲ။

ကျွန်တော်က ဘာလို့သူ့ကို ဒုက္ခဖြစ်စေရမှာလဲ...

"ရော့။"

ကျွန်တော့်ရဲ့ အတွေးများကို ဖျောက်ဖျက်လိုက်သော စကားသံတစ်ခု...

ကျွန်တော်ခွက်ကို စားပွဲပေါ်သို့တင်ကာ လှမ်းကြည့်လိုက်တော့ ဧရာမ cotton candy ကို ကိုင်ကာရပ်နေသော ice coffee...

ပါးစပ်ကြီးကို ပြုံးဖြီးကာ ကျွန်တော့်ဆီသို့ cotton candy ကြီးကို ထိုးပေးလျက်။

သူ့ဘေးနားတွင်တော့ ညီတစ်ယောက် ဝှီးချဲပေါ်တွင် ထိုင်လျက် လိုက်ပါလာ၏။

တစ်စုံတစ်ရာထိခိုက်သွားတာကြောင့်တော့မဟုတ်ပါဘူး။

နှလုံးက အားနည်းနေသေးတော့ ဆေးရုံဆင်းပြီး တစ်ရက်၊ နှစ်ယောက်လောက်ကို အနားယူခိုင်းထားတာပါ။

"ကျွန်တော်ကိုယ်တိုင်လုပ်ထားတာ။ မိုးအေးအေးလေးထဲမှာ အချိုလေးစား ဇိမ်ပဲ 😁😁😁"

"ဘယ်ကိုလာမင်းလုပ်ရမှာလဲ။ မလုပ်တတ်ဘူးဆိုလို့ အစအဆုံးလုပ်ပေးလိုက်ရတာဘယ်သူလဲ။"

ညီတစ်ယောက် မျက်စောင်းတွေ၊ မျက်ဆွေတွေနဲ့ ice coffee လေးကိုကြည့်ရင်းပြောနေခြင်း။

ကျွန်တော်နဲ့စကားပြောရင်တောင် ပင်ပန်းလို့သိပ်မပြောနိုင်ဘူးဆိုပြီး လုပ်နေသူက ice coffee နှင့် ရန်ဖြစ်ဖို့ရာတော့ဝန်မလေး။

ဟိုကလည်း တစ်ခွန်းပြောလိုက်တိုင်း တစ်ခုမကျန် ခွန်းတုန့်ပြန်နေတော့ စချင်စရာလည်း ကောင်းတာကိုး...

Sweet Like Cotton CandyWhere stories live. Discover now