Part 13

3.9K 249 0
                                    

သစ်ရွက်များဟာ အစိမ်းရောင်လေး သန်းလာနေပြီ။

စာငှက်များရဲ့ ကျီကျာသံဟာလည်း နေရာအနှံ့မှာ ကြားနေရသည်။

နေမင်းကြီးရဲ့ ဝါဖျော့ဖျော့ ရောင်ခြည်တန်းကမူ လောကတစ်ခွင်ပြန့်ကျဲနေပြီ။

ထို့အတူ ကျွန်တော့်ရဲ့ ချစ်စဖွယ် နွေရာသီကျောင်းပိတ်ရက်ကြီးလည်း စခဲ့ပြီ 😄😄😄

ကျောင်းပိတ်ရက်မို့ တစ်ရက်တစ်လေလေးများ ကောင်းကောင်းအိပ်မယ်ကြံသေး မနက်ငါးနာရီရောက်သည်နှင့် ချစ်လှစွာသော ဖေကြီးက ကျွန်တော့် ခြေသလုံးကို ဆွဲကာ ကျွန်တော့်ကိုယ်လုံးကို
ကုတင်အောက်သို့ ပစ်ချရင်း နှိုးလိုက်လေတော့သည် 😑😑😑

အနည်းငယ်ဟနေသောလိုက်ကာကြားမှ အလင်းရောင်မဝင်လာသေးသဖြင့် ကျွန်တော်ထနေကျအချိန်မဟုတ်သည်ကိုတော့ ကျွန်တော်သိလိုက်၏။

မထချင်သေးသောကျွန်တော် ကုတင်အောက်တွင် မလှုပ်မယှက် ခွေခွေကလေး ဆက်အိပ်နေမိ၏။

ထိုသို့ ဆက်အိပ်နေမိခြင်းမှာ ကျွန်တော့်ရဲ့ မဟာအမှား...

အခုတော့ မျက်ရည်များ တပေါက်ပေါက်ကျနေရပြီ။

နာကျင်သောကြောင့် မဟုတ်။ ဝမ်းနည်း၍လည်း မဟုတ်။

ယားလွန်းသောကြောင့်ပင် 😑😑😑

မခံနိုင်တော့သည့်အဆုံး ခံစစ်မှ တိုက်စစ်အနေသို့ ပြောင်းကာ ဖေဖေ၏ ပေါင်တံကို လက်ဖြင့် ညှစ်ချလိုက်တော့မှ ကလိထိုးခြင်းတိုက်ပွဲပြီးဆုံးသွား၏ 😑😑😑

အလို...
ကျွန်တော် ဦးရဲအိမ်တွင် တစ်လလောက်နေရမည်ဆိုပဲ  😶😶😶
ဖေဖေနှင့် မေမေ ခရီးသွားမည့်အကြောင်းကြားတော့ကြားမိသည်။

သို့ပေမဲ့လည်း ဒီနေ့လို့ထင်မထားခဲ့...

ထိုသတင်းကိုကြားကြားချင်း ကျွန်တော့်ရင်ဘတ်ကြီးတစ်ခုလုံး တစ်လှပ်လှပ် တုန်ခါသွား၏။

ဦးရဲအားကြောက်၍တော့မဟုတ်။

သူ့အိမ်တွင်နေလျှင် ကျွန်တော် cotton candy ကိုကြီးနှင့် တွေ့ဖို့ရာ ထောင်ဖောက်ပြေးမှ ရမည့်အလား...

Sweet Like Cotton CandyWhere stories live. Discover now