Dear my lovely readers ❤

3.4K 120 16
                                    

အခုတော့ sweet like cotton candy ဆိုတဲ့ fic လေးရဲ့ အဆုံးသတ်ကို ရောက်ရှိခဲ့ပါပြီနော်။

Memories ဆိုတဲ့ fic လေးရဲ့အပြီးမှာ SLCC ဆိုတဲ့ fic ရေးကို စရေးဖြစ်ခဲ့တယ်။

Memories ကိုစရေးတုန်းက စာရွက်လေးတွေပေါ်မှာ အပိုင်း တစ်၊ နှစ်လေးတွေရေးပြီးတော့ ကိုယ့်ကိုယ်ပဲ ဖတ်ခဲ့တယ်။

Wattpad မှာဒီ fic တွေရေးဖြစ်ခဲ့တာ ဒီလိုကြောင့်ပါ။

သိချင်လားမသိချင်လားတော့ မသိပေမဲ့ ပြောပြီနော် 😝

တစ်ရက်တော့ ကျောင်းမှာ fic လေးကို ရေးနေတုန်း သူငယ်ချင်းတွေက ယူဖတ်ကြတယ်။

ကိုယ့်မှာ အရေးအသားက မကောင်းမှန်းလည်းသိ၊ ပြန်လုတော့လည်း မပေးတော့ ရှက်ကိုးရှက်ကန်းဖြစ်ခဲ့ရတာပေါ့။

ဒါပေမဲ့ ကိုယ်မမျှော်လင့်ခဲ့တာတစ်ခုက သူငယ်ချင်းတွေက ကိုယ့်ကိုအားပေးခဲ့တယ်။

အရေးအသားတွေကို ချီးကျူးခဲ့တယ်။

ဒီလို့နဲ့ပဲ memories လေးကို ဆက်ရေးဖြစ်ခဲ့တယ်။

ပြီးတော့ yoon နဲ့အတူ wattpad အကောင့်လေးကို တူတူသုံးဖို့ဖွင့်ခဲ့ကြတယ်။

Wattpad ပြီးတော့ facebook ပေါ့။

Wattpad မှာ စာဖတ်သူတွေ ကိုယ့်ကို သတိထားမိဖို့ဆိုတာ ခက်ခဲလိမ့်မယ်ဆိုတာကို အစတည်းက သိခဲ့ပါတယ်။

ဘာလို့လဲဆို ကိုယ်တွေက အရောင်တလက်လက်တောက်ပနေကြတဲ့ ကြယ်ပွင့်တွေကြားက အရောင်မှိန်မှိန်လေးသာရှိတဲ့ ကြယ်လေးတစ်ပွင့်လို ဖြစ်နေခဲ့လို့ပါ။

ဒါပေမဲ့လည်း ကိုယ့်ကိုသတိထားမိခဲ့ကြတဲ့ သူလေးတွေရှိပါတယ်။

သူတို့တွေရဲ့ read တစ်ခုစီ၊ vote တစ်ခုစီတိုင်းဟာ ကိုယ့်အတွက် အင်အားတွေ ဖြစ်ခဲ့တယ်။

အထူးသဖြင့် comment လေးတွေကို ဖတ်ပြီး အားတက်ခဲ့ရတယ်။

စစပိုင်း ဒီနယ်ပယ်ထဲစဝင်ခဲ့တုန်းက yoon ရော ကိုယ်ရော ပြသနာတွေနဲ့ကြုံခဲ့ရတယ်။

ပုတ်ခတ်တာတွေ ခံခဲ့ရတာလည်း ရှိတာပေါ့။

ဘာလို့လဲဆို နှစ်ယောက်ပေါင်းတစ်ကောင့်သုံးတာကိုး 😁

Sweet Like Cotton CandyWhere stories live. Discover now