Part 5

6K 380 17
                                    

ချစ်ဖို့ကောင်းတဲ့ သူ့မျက်နှာလေး...

ပြုံးချိုလှတဲ့သူ့နှုတ်ခမ်းလေးတစ်စုံ...

ကျွန်တော့်နှလုံးသားထဲမှာ မိုးကြိုးပစ်လိုက်သလို တလျက်လျက်ပါပဲလား...

နံနံပင်လေးတွေကို တစ်ပင်ပြီးတစ်ပင် စိတ်ရှည်လက်ရှည်ဖယ်နေရှာသောသူ...

ကြက်သွန်ဥကိုပါ ဖယ်ရှားပစ်သောသူ...

ဘယ်လိုဂြိုဟ်ကဆင်းသက်လာတဲ့ ဂြိုဟ်သားလေးလား 😅😅😅

ဝယ်လာတာတွေကလည်းပန်းရောင်တွေချည်း...

ကျွန်တော့်တစ်ဆိုင်လုံးကို ပန်းရောင်နဲ့ ဖုံးလွှမ်းဖို့များ စဉ်းစားထားလေသလား 😒😒😒

ခြင်းတောင်းထဲမှာ ကျွန်တော်ထည့်ထားတဲ့ ရောင်စုံပူဖောင်းလေးတွေဟာလည်း ဘယ်ကတည်းက ပန်းရောင်ဖြစ်သွားလဲမသိ 😑😑😑

ဖဲပြားတွေဟာလည်း ကျွန်တော်ယူထားသော အနီရောင်မှ ဝက်ကလေးအရောင်သို့ ပြောင်းသွားလေခြင်း 😑😑😑

ပူဖောင်းလေးတွေကို တစ်လုံးပြီးတစ်လုံး မှုတ်နေသောသူ...

ပါးလေးတွေကို လေများနဲ့ ဖောင်းနေအောင် ဖြည့်ကာထားတဲ့သူ...

ကျွန်တော် မကြည့်ပဲမနေနိုင်လောက်အောင် ချစ်ဖို့ကောင်းလွန်းလှတယ်...

"ကိုမာန်!"

ကိုမာန်???

ကျွန်တော့်အား မာန်လို့ခေါ်တာကို ပထမဆုံး လက်ခံခဲ့ခြင်း...

မာန်လို့ခေါ်တာထက် ဟိန်းလို့ခေါ်တာကို နားယဉ်နေလို့ ဟိန်းလို့ပဲ ခေါ်ခိုင်းခဲ့တဲ့ကျွန်တော်...

သူခေါ်သော မာန်ဆိုတဲ့နာမည်လေးကိုမှကျွန်တော် စိတ်ထဲမှာ အကြိမ်ကြိမ်ခေါ်နေမိပြီး ကိုယ့်ကို ကျေနပ်နေမိတယ်။

"ကိုမာန်ရေ!"

"ပြော...ရှိုင်းရှိုင်း"

"ဒီပူဖောင်းလေးကို ဒီနားမှာချိတ်ပေးပါလား..."

ကျွန်တော်ကြည့်လိုက်တော့ နံရံရှေ့မှာခုံလေးတစ်လုံးကိုချပြီး ထိုခုံပေါ်မှာ ကို့ယို့ကားယားနဲ့ ရပ်နေသော ice coffee...

Sweet Like Cotton CandyWhere stories live. Discover now