Part 22

2.5K 147 4
                                    

ကြာပန်းတွေ ပွင့်လန်းနေတဲ့ ရေချိုးကန်ကြီးထဲမှာ အချင်းချင်း ရေတွေကို ပက်ဖြန်းရင်း ပျော်ရွှင်နေကြတဲ့ကောင်လေးနှစ်ယောက်...

အိမ်ရှေ့စံရဲ့အမိန့်ကြောင့် အခန်းထဲတွင် ထိုကောင်လေးနှစ်ယောက်မှလွဲ၍ မည်သူမျှရှိမနေခဲ့...

အခန်းတွင်းထဲမှာပင် ရေတံခွန်သဏ္ဌာန်ပြုလုပ်ထားသော ရေများတဖွားဖွားကျဆင်းနေသည့် အောက်တွင် ထိုကောင်လေးနှစ်ယောက်တို့ရပ်နေကြသည်။

မျက်နှာချင်းဆိုင်ရပ်နေလျက် တောက်ပသောမျက်ဝန်းများမှ အကြည့်များကို ဖလှယ်နေရင်းပေါ့...

ခြံရံနေသော ကြာပန်းများမှာမူ အနည်းငယ်သာ ဖွင့်ဟထားသော ပြတင်းပေါက်မှ နေရောင်ခြည်ကြောင့် တောက်ပနေလျက်။

အိမ်ရှေ့စံတစ်ယောက် သူ့မျက်စိရှေ့က ကောင်လေးကိုကြည့်ရင်း

"မင်းဆီမှာငါအားကျရတဲ့ အချက်တွေတော်တော်များပါလား။"

ထိုအခါမှ ထိုကောင်လေးတစ်ယောက် မျက်စိလေးများ မှေးလို့သွားအောင် ရယ်လိုက်ပြီး...

"ဒီလောက်တောင်ပြည့်စုံနေတဲ့ အိမ်ရှေ့စံက ကျွန်တော်မျိုးကို အားကျတယ်ဆိုတော့ မာန်တွေတောင်မြင့်သွားပြီ။ 😁😁😁
ဘယ်ကိုဘယ်လို အားကျတာလဲပြောပြပါမင်းသားလေး။"

"ပထမဆုံးအနေနဲ့ မင်းချစ်ရတဲ့သူ...
တစ်နည်းပြောရမယ်ဆိုရင်တော့ ငါပေါ့ 😎
သူက ရုပ်လည်းချောတယ်။
အာဏာလည်းရှိတယ်။
အများလေးစားစရာလည်းကောင်းတယ်။
သဘောကောင်းတဲ့နေရာမှာလည်း နှစ်ယောက်မရှိဘူး။
ပြီးတော့..."

"တော်ပါတော်ပါ။
ဒီတစ်ချက်ကို ကျော်လိုက်တော့။
နောက်တစ်ချက်ဆီသွားမယ်။"

သူများကိုအားကျတယ်လို့ပြောပြီး ကိုယ့်ကောင်းခန်းကိုသာ ဖွင့်ကျူးနေသော အိမ်ရှေ့စံရဲ့ စကားကို ဖြတ်ပြီး "ရှင်းချမ်" တစ်ယောက်ပြောလိုက်ခြင်းပင်...

"မင်းရဲ့အရှင်သခင် စကားပြောနေတယ်။
ဖြတ်မပြောနဲ့ 😒"

အိမ်ရှေ့စံတစ်ယောက် ရှင်းချမ်ကို နည်းနည်းလေးမာန်လိုက်တော့မှပဲ...

Sweet Like Cotton CandyWhere stories live. Discover now