"ဘယ်လိုလဲ...မင်းရဲ့သုံးရက်တာခရီးက?"
"သုံးရက်တာခရီး?"
"ဘာလဲ။ မမှတ်မိဘူးလို့တော့ မပြောနဲ့နော်။"
မမှတ်မိသည်မဟုတ်။
ဒါတွေ...ဒီအဖြစ်အပျက်တွေအားလုံးဟာ ခဏတာ မက်ခဲ့တဲ့အိပ်မက်တစ်ခုလိုပါပဲ။
အမှန်တကယ် နာကျင်ခဲ့တာမဟုတ်ပေမဲ့ အိပ်ယာကနေနိုးလာတဲ့တိုင် နာကျင်နေစေတယ်။
သို့ပေမဲ့ ထိုအပြစ်အပျက်တွေဟာ ကျွန်တော့်ရဲ့သုံးရက်တာခရီး???
သူမ၏မေးခွန်းကို ကျွန်တော်ပြန်မဖြေမိ။
သူမအတွက်သာ မေးခွန်းပြန်ထုတ်မိသည်။
"ဒါ...ဘယ်နေရာလဲ။"
"သုံးရက်ဆိုတဲ့အချိန်ကို ကော်ဖီဆိုင်ထဲမှာ ဖြတ်သန်းလို့ရမှာမို့လား။"
သူမ တစ်ချက်သာ ဖွဖွလေးရယ်လိုက်ပြီး ဖန်ရေခရားထဲက ရေတွေကို ဖန်ခွက်ထဲသို့ ထည့်နေလေတယ်။
ကျွန်တော့်နားထဲသို့ ဝင်လာသော တစ်စက်စက်ရေစက်သံများက ကြည်လင်လှသော ဖန်ခရားထဲကရေတွေလား ပြတင်းပေါက်ပြင်က တစ်ပေါက်ပြီးတစ်ပေါက်ကျနေသော မိုးစက်များလား မသဲကွဲတော့။
သေချာသည်တစ်ခုကတော့ ကျွန်တော့်ရဲ့ဘယ်ဘက်နှလုံးက နာကျင်မှုပင်...
အရင်ကတည်းက အောင့်အောင့်တက်လာတတ်တဲ့ နာကျင်မှု...
ဒီတစ်ခါကတော့ ထိုနာကျင်မှုတစ်ခုတည်းသာမဟုတ်။ အတွင်းနက်ဆုံးတစ်နေရာက ထိုးဆွနေသောနာကျင်မှု...
"ကလင်...ကလင်..."
မိုးစက်သံများကြားက မြည်လာသောဖုန်းသံလေးတစ်ချက်...
ကိုကို???
"ဟယ်လို?"
"မင်းဘယ်မှာလဲ။ မင်းဒီသုံးရက်လုံး ဖုန်းတောင်မကိုင်နိုင်ပဲ ဘာတွေလုပ်နေတာလဲ။"
"ကြောင်ဖြူလား။ ဖုန်းကိုင်ပြီလား။"
ဖုန်းသံထဲမှာ ကိုကို့အသံသာမက နောက်ယောင်ခံလိုက်လာသော ရိုင်းယံရဲ့ အသံတိုးတိုးလေးကို ကျွန်တော်မကြား၍မရ။
YOU ARE READING
Sweet Like Cotton Candy
Romanceအချစ်ဆိုတာ cotton candy လိုပါပဲ။ ချိုမြိန်တယ်...အရသာရှိတယ်။ တစ်ယောက်ထဲစားရင် ကောင်းတော့ကောင်းပေမဲ့ အဲ့ဒီ ချိုမြိန်တဲ့ အရသာကို ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူဝေမျှတဲ့အခါမှာတော့ ချိုမြန်မှုဟာ ပိုနက်ရှိုင်းသွားပြီး လောကကြီးတစ်ခုလုံးဟာ ကောင်းကင်ဘုံလိုပဲဖြစ်သွား...