Part 32

1.8K 98 2
                                    

ပန်းချီကားချပ်ပေါ်က နန်းတွင်းအကျီင်္ဝတ်ဆင်ထားကြသူနှစ်ယောက်။

ဒါက...ကျွန်တော်...
ပြီးတော့...ဒီဘေးက...

Cotton...

"မဟုတ်ဘူး။
သူက မင်းထင်ထားသလိုသူတစ်ယောက်မဟုတ်ဘူး။
မင်းကို ပျော်ရွှင်အောင်ထားနိုင်မယ်လို့ ယုံကြည်ထားပေမဲ့ မဟုတ်ဘူး။"

သဘက်အဖြူရောင်အတိုလေးကို ပခုံးပေါ်မှာတင်ရင်း ပြောလိုက်သောကြောင်ဖြူ။

"သောက်ကောင်ရဲ့။ ငါထုထည့်လိုက်ရ ဘာတွေလာပြောနေတာလဲ 😒"

ဟာသတွေများ လာလုပ်နေသလားမှတ်ရတယ်။

"ဟက်...အခုငါဟာသတွေပြောနေတယ်များထင်နေလား။"

တည်ငြိမ်သောမျက်ဝန်းနှင့်တစ်ကွ တည်ငြိမ်သော လေယူလေသိမ်းများဟာ နောက်ပြောင်ခြင်းမရှိဆိုတာကို ဖော်ပြနေသည်မှာအမှန်။

"မင်းသိချင်လား။"

"ဘာကိုလဲ။"

"မင်းရဲ့ အရိုးစွဲထိစွဲအောင် မှတ်မိထားရမယ့် ဖြစ်ရပ်တစ်ခု။"

"ဘာဖြစ်ရပ်လဲ။"

"မလောပါနဲ့။ ဖြေးဖြေးပေါ့။"

ခုံပေါ်မှာထိုင်ပြီး အေးဆေးစွာနဲ့ဘဲ ရေနွေးကြမ်းအိုးထဲက ရေကို ရေနွေးကြမ်းခွက်ထဲထည့်ကာ လက်ကိုင်လေးကိုကိုင်ရင်း ကျွန်တော့်ကို ကြည့်နေလေရဲ့။

ရုတ်တရက် မဲမှောင်သွားသော ကျွန်တော့်ရှေ့က မြင်ကွင်း။

ဒါ...ဒါ

ကျွန်တော့်ရဲ့ မျက်ဝန်းထဲမှ အသွင်သွင်ထွက်လာသော မျက်ရည်တွေ...

နှလုံးသားထဲမှာ ဆို့နင့်လာတဲ့ ခံစားမှုတွေ...

ကျွန်တော့်ရဲ့ မြင်လွှာကားချပ်ရှေ့က ဖြစ်ရပ်တွေကို ကျွန်တော်မယုံနိုင်...

ဒီပုံရိပ်တွေထဲက သူဆိုတာ...
ဟိန်းမာန

ဘယ်တုန်းကမှ သူကျွန်တော့်ကို ဒီလိုလုပ်ခဲ့မယ်ဆိုတာ တွေးမထားခဲ့...

ရှည်လျားတဲ့ဓားကို ကိုင်ဆောင်ထားပြီး ရက်စက်လှတဲ့ အကြည့်တွေနဲ့ ကျွန်တော့်ကို လှောင်ပြုံးပြုံးကာ ကြည့်ခဲ့တဲ့သူ...

Sweet Like Cotton CandyWhere stories live. Discover now