Thingyan special (1) 😜

2.7K 142 11
                                    

"သင်္ကြန်အခါမှာ ရေကစားကြတာပျော်ရွှင်စရာ..."

"ဟေးဟေး နွေမ...နွေမရဲ့ကပုံလေးကချစ်စရာကွယ်"

ရပ်ကွက်ထဲက ဓမ္မာရုံလေးဟာ ဒီသီချင်းသံလေးတွေနဲ့ ဖုံးလွှမ်းခံနေရလျက်...

တူးပို့သံလေးတွေကလည်း နေရာအနှံ့ကြားနေဆဲ။

မှန်ပါတယ်။ မှန်ပါတယ်။

အခုအချိန်ကတော့ ဦးရဲတို့ခြံထဲက ပိတောက်ပင်ကြီးမှာ ရွှေရောင်ဆေးတွေနဲ့ လိမ်းခြယ်ထားသလို ဝင်းဝါနေတဲ့ ပိတောက်ပန်းများက နေရာယူထားကြသော သင်္ကြန်အခါလေးပဲဖြစ်ပါတယ်။

ကျွန်တော် ဓမ္မာရုံရဲ့အရှေ့၊ လူမြင်ကွင်းလေးမှာ ထိုင်ရင်း မပျော့လွန်း၊ မမာလွန်းသော ဂျုံလုံးလေးတွေကြားထဲ ထန်းလျက်ခဲတုံးလေးတွေကို ထည့်ကာ တစ်လုံးပြီး တစ်လုံး လုံးလို့နေတယ်။

ကျွန်တော်က ဟင်းသာမချက်တတ်တာ။
မုန့်လုံးရေပေါ်လုံးတဲ့နေရာမှာဆိုဆရာကြီး 😎
နှစ်စဉ်နှစ်ဆက်လုံးလာတာလေ။ လွတ်သွားတဲ့နှစ်ကို မရှိဘူး။ 😎

ကျွန်တော့ဘေးမှာကတော့ cotton candy ကိုကြီးဟာထိုင်နေလျက် ကျွန်တော့်လိုလုံးနေဆဲ။

ဒါပေမဲ့ သူ့ဟာက ကျွန်တော့်ဟာလောက်တော့ ကောင်းမယ်မထင်။

အငန်ဓာတ်လေးတွေများ လိုနေမလားလို့ 😝😝😝 စတာနော်စတာ 😁😁😁

ကျွန်တော့်ဘေးမှာ သူထိုင်နေပေမဲ့ အထာကျတဲ့အယံတို့ဆီက မိန်းကလေးတွေ အကြည့်မလွှဲနိုင်တာကတော့ မတတ်နိုင်။

ကျွန်တော့်ကိုကြည့်ရင်း တခိခိနဲ့တောင် ဖြစ်နေကြသေးတယ်။

ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေတုန်း ကျွန်တော့်ဘေးက ထွက်ပေါ်လာတဲ့ အသံကျယ်ကြီးက...

"ဟား...ဟားဟားဟားဟားဟား..."

မုန့်လုံးရေပေါ်တွေ လုံးနေရင်းက ကျွန်တော့်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် မျက်ရည်များပါ ထွက်ကျလုမတတ် ဟားတိုက်ရယ်နေသော cotton candy ကိုကြီး...

"ဘာ...ဘာဖြစ်လို့လဲ။"

မိန်းကလေးတွေကျွန်တော့်ဆီက အကြည့်မလွှဲနိုင်လို့ သဝန်တိုပြီး ရူးများသွားတာလား 😶😶😶

Sweet Like Cotton CandyWhere stories live. Discover now