Part 18

3.3K 187 3
                                    

ရေစက်နွေးနွေးလေးများအောက်တွင် မျက်နှာကိုမော့ကာ မျက်စိကို စုံပိတ်ထားသောကျွန်တော်...

ရေနွေးစက်လေးများက ကျွန်တော့်ကို နွေးထွေးစေပေမဲ့ ကျွန်တော့်ရဲ့ပါးပြင်ပေါ်ကို နမ်းရှုံ့ခဲ့သော သူ့နှုတ်ခမ်းလေးရဲ့အနွေးဓာတ်ကိုတော့ မမီနိုင်...

နမ်းတုန်းကတော့နမ်းပြီး ရှက်ကိုးရှက်ကန်းလေးဖြစ်နေတဲ့ သူ့မျက်နှာလေးကို ပြန်မြင်ယောင်မိတော့ အလိုလိုကွေးညွန့်လာတာက ကျွန်တော့်ရဲ့နှုတ်ခမ်းလေးများ။

ရေနွေးစက်လေးများရဲ့နွေးထွေးမှုနဲ့ ဇိမ်ကျမှုတို့က ကျွန်တော့်ကိုဖမ်းဆွဲနေပေမဲ့ အခန်းပြင်မှာ ကျွန်တော့်ကိုမြန်မြန်ထွက်ဖို့ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အော်ခေါ်နေတဲ့  အသံတစ်ခုကြောင့် မြန်မြန်ဆန်ဆန်အပြီးသတ်ခဲ့လိုက်ရ။

ထိုသူကတော့အခြားမဟုတ်။
အာပြဲစိန်လေးဖြစ်တဲ့ ကျွန်တော့်ရဲ့ ရှိုင်းယံ။

************************************

ဒီနေ့တစ်နေကုန်လုံး ရေမချိုးရသေးလို့ ကပ်စေးစေးဖြစ်နေပါတယ်ဆိုမှ ရေချိုးခန်းထဲကလူကြီးက ခုထိထွက်မလာနိုင်သေး။

အခန်းပြင်မှာနေပြီး ဆော်ဩနေတာတောင် တုန့်ပြန်မှုက ရေသံနဲ့ ခဏလေးပါ ဆိုတဲ့အသံမှလွဲ၍ ထွက်မလာ။

ငါးမိနစ်...ဆယ်မိနစ်...

အချိန်တွေသာ တရွေ့ရွေ့ကုန်သွားတယ်။ ခုထက်ထိမပြီးနိုင်သေး။

ထမင်းစားချိန်ကဖြင့်ကပ်နေပြီ။
ဗိုက်ကလည်းဆာနေပြီဖြစ်သလို အတူတူအိပ်ရမယ့်သူ့ဖို့ စဉ်းစားပေးပြီး မွှေးမွှေးလေးဖြစ်အောင် လုပ်မလို့ပါဆို...

နှစ်ပေါင်းများစွာကြာအောင်စောင့်ပြီးနောက်တော့ ရေချိုးခန်းတံခါးလေး ပွင့်လာပြီး ခပ်သဲ့သဲ့အရိပ်ကလေးကထွက်ပေါ်လာတယ်။

တံခါးဝကြီး အပြီးအပိုင်ပွင့်သွားပြီးနောက်တော့ ကျွန်တော့်ရဲ့မျက်နှာ...ကျွန်တော့်ရဲ့အကြည့်များက သူ့ဆီမှ ခွာမရခဲ့။

အောက်ပိုင်းကို သဘက်အဖြူလေးနဲ့ပတ်ထားပေမဲ့ အပေါ်ပိုင်းကတော့ ကျွန်တော့်စိတ်ကူးထဲကပုံစံနဲ့ ထပ်တူကျနေခဲ့။

Sweet Like Cotton CandyWhere stories live. Discover now