Part 16

3.6K 237 2
                                    

"အား!!!!!!!!!!! ယားတယ်ဆိုမှပဲ!!!!!!!!!!!!"

"ယားမှာပေါ့...ယားအောင်ကလိထိုးတာပဲလေ"

"ကျွန်တော်ဘာများ အမှားကြီးကြီးမားမားလုပ်မိလို့ အဲ့လောက်တောင်လုပ်နေရတာလဲ။"

မေးသာမေးလိုက်ခြင်း...
အမှန်တော့ ကျွန်တော်လုပ်ထားတဲ့အမှားကို ကျွန်တော်သိပြီးသား...😁😁😁

ဒါပေမဲ့လည်း နှုတ်ခမ်းမွှေးရာလေးက ညကလောက်မထင်းတော့ပါဘူး။ 😒😒😒

လေး၊ ငါးချောင်းလောက်ပဲ မှုန်မှုန်လေးကျန်တော့တာကို...

ရိုက်ခံရမယ်ဆိုတာ permanent marker ဆိုတဲ့ စကားလုံးကို တွေ့ကတည်းက သိခဲ့ပြီးပေမဲ့ ဒီလိုအပြစ်ပေးခံရမယ်လို့တော့ ထင်မထားခဲ့ 😑😑😑

"ဘာကို ကြီးကြီးမားမားမဟုတ်ဘူးလဲ။ ဒီမှာ ဒီမှာ...ဒါဘာတွေလဲ...ဟင် 😡😡😡"

မျက်နှာကို ကျွန်တော့်နားကပ်ပြီး သူ့ပါးကို လက်ညိုးကြီးတထိုးထိုးနဲ့
ပြောနေတဲ့ပုံက ဒေါသထွက်နေပေမဲ့ ကြောက်စရာ တစ်စက်လေးမှကိုမကောင်း...

ကြည့်လေလေရယ်ချင်လေပဲ။

နဂိုတည်းက ဖြူဆုတ် နေတဲ့မျက်နှာကို
ညက ကျွန်ဆွဲပေးထားတဲ့ အမွှေးတွေကပါ featuring လုပ်လိုက်တော့ ကျွန်တော့်ဆီ အစာလာတောင်းနေတဲ့ ကြောင်ဖြူနဲ့တောင် တူသွားသေးတယ် 😂😂😂

အမှန်တော့ ဒီလိုနှိုင်းရတာ ကြောင်ဖြူလေးကိုတော့ အားနာပါတယ်။

ချစ်စရာ ဖြူစင်တဲ့ ကြောင်ဖြူလေးက ဒီလိုလူ့ဂွစာကြီးနဲ့ နှိုင်းခံရသကိုး...

ရယ်ကလည်းရယ်ချင်...
သူပိုစိတ်ဆိုးပြီး တစ်အိမ်လုံးဗြောင်းဆန်သွားမှာလည်း ကြောက်ရတော့ မနည်းထိန်းထားတာ ကိုယ့်ရုပ်လေးက မချိုမချဉ်လေးကိုဖြစ်လို့...

"မုန်းဟန်ဆိုတဲ့ကောင်ကို မင်းကဘာများထင်နေလဲ။"

ဒီနာမည်ကို ပထမဆုံးကြားဖူးခြင်း...

သို့ပေမဲ့ ထိုနာမည်၏ ပိုင်ရှင်မှာ မည်သူမည်ဝါဆိုသည်အား ပြောရန်ပင်မလို...

ကျွန်တော့်ရှေ့တွင် ရပ်နေသော ကြောင်ဖြူနှင့်တူသည့်သူကြီးမှန်းသေချာသည်။

Sweet Like Cotton CandyOnde histórias criam vida. Descubra agora