ကျွန်တော့်ကို ဝိုင်းပြီး အနိုင်ကျင့်နေကြသူနှစ်ယောက်...😭😭😭
ကျွန်တော့်ရဲ့ လက်နှစ်ချောင်းကို ရှေ့မှနေ၍ ဆွဲကာထားသော ကြောင်ဖြူ...
ရုန်းလေ၊ ပိုတင်းကြပ်လေပဲ...
ထို့နောက် ကျွန်တော့်ရဲ့ ပေါင်မုန့်လေးနှစ်လုံးဆုံရာ တင်လုံးလုံးလေးကို မညှာမတာ စော်ပလော်တီးနေသော cotton candy ကိုကြီး....😭😭😭
"မှားသွားပါတယ်။ တော်ပါတော့"
နာသည်ထက် ယားသည်ကို ကျွန်တော်မခံနိုင်။
သူကျွန်တော့်ရဲ့ တင်ကို သူ့လက်ဖဝါးပြင်ကျယ်ကြီးနဲ့ တစ်ချက်ထိလိုက်တိုင်း၊ ထိလိုက်တိုင်း ကော့တက်သွားအောင် ယားသည်။ 😖😖😖
"နောက်တစ်ခါလုပ်အုန်းမလား။"
"ဟင့်...ဟင့်အင်း..."
အမှန်တော့ လုပ်ချင်စိတ်က ဗလပွ။
မလွှတ်တော့မည်စိုး၍သာ ပြောလိုက်ရခြင်း...စိတ်ရှိလက်ရှိတိုင်းသာဆို မုန့်လုံးရေပေါ်မပြောနဲ့ ငရုတ်သီးအတောင့်လိုက်ပါ နှစ်ယောက်လုံးရဲ့ ပါးစပ်ထဲ သွပ်သွင်းလိုက်ချင်တာ 😒😒😒
"အဲ့တာဆိုရင်လဲပြီးတာပဲ 😏"
Cotton candy ကိုကြီးတစ်ယောက် မကောင်ဆိုးဝါးဆန်လှသော အပြုံးများနဲ့ပြောလိုက်ခြင်းသာ 😑😑😑
"ထပ်လုပ်လို့ကတော့ ဒီသင်္ကြန်မှာ ဝိဥာဉ်ပဲ လည်ရတော့မယ်မှတ်။"
Cotton candy ကိုကြီးနောက် လုပ်လေရာအလုပ်လိုက်နှောင့်ယှက်တဲ့ ကြောင်ဖြူက ဝင်ပြောလိုက်သေးရဲ့ 😒😒😒
ဒင်းကြောင့် ကျုပ်ခံလိုက်ရတာအေ့ 😒
ဒင်းသာ လာမစားရင် ငါ့ကိုလည်း ချုပ်ထားမယ့်သူရှိမှာမဟုတ်ဘူး။အာ့ဆို cotton candy ကိုကြီး သေချာပေါက်ရှုံးမယ့်ဟာ 😒
နှစ်ယောက်သား ပြောလို့လည်းအပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးစိစိ ဖြစ်နေလိုက်ကြတာ အမြင်ကို ကတ်စရာ...ခင်ဗျားကြီးတို့ အကြည်ဆိုက်နေတာကို မြင်ရမယ့်အစား ဒီမျက်လုံးတွေကိုသာ ဖောက်ထုတ်ထားလိုက်ချင်တော့တယ် 😑
YOU ARE READING
Sweet Like Cotton Candy
Romanceအချစ်ဆိုတာ cotton candy လိုပါပဲ။ ချိုမြိန်တယ်...အရသာရှိတယ်။ တစ်ယောက်ထဲစားရင် ကောင်းတော့ကောင်းပေမဲ့ အဲ့ဒီ ချိုမြိန်တဲ့ အရသာကို ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူဝေမျှတဲ့အခါမှာတော့ ချိုမြန်မှုဟာ ပိုနက်ရှိုင်းသွားပြီး လောကကြီးတစ်ခုလုံးဟာ ကောင်းကင်ဘုံလိုပဲဖြစ်သွား...