Part 20

2.8K 177 0
                                    

ကျွန်တော်ကြည့်နေသော သူ့ရဲ့မျက်နှာလေးဟာ မိုက်ခနဲဝေဝါးလို့သွားတယ်။

ဘယ်ဘက်ခြမ်းမှာရှိတဲ့ နှလုံးသားကတော့ ရင်ဘတ်ကြီးတစ်ခုလုံးကို ထိုးဖောက်နေသည့်အလား။

မောဟိုက်မှုတွေကပါ ကျွန်တော့်ကို ရစ်ပတ်နေတယ်။

အသက်ရှုသံများဟာ ဝင်သက်ရော၊ ထွက်သက်ပါ ကျယ်လောင်နေခဲ့။

ငြီးငြူသံများကပါ ထွက်ပေါ်လာပေမဲ့ နာကျင်မှုဟာ ကျွန်တော့်ကို လွှတ်မပေးသေး။

************************************

"မန်းမန်းမန်း...ရေရေ"

အသိစိတ်ပြန်ဝင်လာပြီးနောက် ကျွန်တော်မှတ်မိတာဟာ ဒီစာလုံးများသာ...

ကိုယ့်ဟာကိုယ်တောင် အဓိပ္ပါယ်ဖော်မရတဲ့ စာလုံးများ ဘယ့်ဘယ်လိုကြောင့် ထွက်သွားမှန်းကိုမသိ။

ကျွန်တော့်ဘေးမှာ အိပ်နေသော ကြောင်ဖြူကို နိုးလက်စနှင့်ပညာပေးခဲ့ရမည်။

ပေါင်တံကို ဘေးသို့ကားကာ ဝမ်းဗိုက်ရှိမည်ဟု ယူဆရသည့် နေရာဆီသို့ ဗုန်းခနဲပစ်ချလိုက်၏။

သို့သော် ထိုနေရာတွင် သူတော့ရှိမနေ။ ခေါင်းအုံးတစ်လုံးကသာ နေရာယူနေခဲ့ခြင်း။

ဘေးဘီဝဲယာကို တစ်ချက်လောက် စူးစမ်းရန် မျက်စိကို ခပ်မှေးမှေးလေးဖွင့်ကြည့်လိုက်တော့ မီးများကပွင့်နေဆဲ။

မအိပ်ခင် မီးပိတ်လို့ သောင်းကျန်းထားတာ မပိတ်ရဲတော့ဘူးထင်တယ် 😅😅😅

ခေါင်းလေးကို နည်းနည်းစောင်းကာ ဘေးကိုကြည့်လိုက်တော့ ကြောင်ဖြူတစ်ကောင်ရှိမနေ။

သို့ပေမဲ့ ရုတ်တရက် ကျွန်တော်ကြားလိုက်တာကတော့ ငြီးငြူသံတစ်ခု...

အံကိုကြိတ်ရင်း အသံမထွက်အောင်ကြိုးစားပါသော်လည်း ထိန်းချုပ်မရနိုင်ပဲ ထွက်ပေါ်လာသည့် နာကျင်လှသော အသံမျိုး...

ထိုငြီးငြူသံရဲ့ အဆုံးသံမှာသော ခပ်ဟိုက်ဟိုက်အသက်ရှူသံက ပဲ့တင်သံကဲ့သို့ တစ်ခါပြီးတစ်ခါ၊ နောက်တစ်ခါပြီး နောက်တစ်ခါ ထွက်ပေါ်နေဆဲ။

Sweet Like Cotton CandyWhere stories live. Discover now