Part 31

1.9K 96 4
                                    

နန်းတွင်းအကျီင်္အပြာရောင်လေးကို ခန့်ခန့်ညားညားဝတ်ဆင်ထားသော cotton candy ကိုကြီး...

အကြည့်တစ်ချက်မပြောနဲ့ ဘေးမှာရှိနေတာနဲ့တင် အရည်ပျော်တယ် 😍😍😍

သူ့ရဲ့လက်ချောင်းလေးများကြား ထိုးထည့်ထားတဲ့ ကျွန်တော့်လက်ချောင်းလေးတွေကတော့ နှင်းဖြူဖြူတွေကျနေတဲ့ ကောင်းကင်ကြီးကိုမျှ အားမနာ နွေးထွေးနေလျက်...

အဖြူရောင်နှင်းတွေနဲ့ ခင်းကျင်းထားတဲ့ လျှောက်လမ်းတွေပေါ်မှာ တခြားသူတွေဖို့တော့ ချမ်းတုန်နေကြမှာပေါ့။

ဖားလျားရှည်ကျနေတဲ့ နန်းဝတ်အကျီင်္ဟာ လိုသလောက်အနွေးဓာတ်ကို မပေးစွမ်းနိုင်ပေမဲ့ ကျွန်တော့်ဘေးက အနွေးပေးစက်ကြီးကြောင့် နွေးနေရတာလေ...😁

အခြားသူတွေကတော့ ခိုက်ခိုက်တုန်အောင်ချမ်းနေကြလေရဲ့။

အထူးသဖြင့် ကျွန်တော့်ရဲ့ ရှည်ကျနေနဲ့ အကျီင်္ရဲ့ အနားသတ်လေးထဲ မတန်မရာကြီးဝင်ပြီး ခုန်ဆွခုန်ဆွလုပ်နေတဲ့ ကြောင်ဖြူတစ်ကောင်ပေါ့ 😑😑😑

"နန်းတော်ကိုလာတာ ရှေးဟောင်းအမွေအနှစ်တွေကို လေ့လာဖို့မဟုတ်ဘူးလား။ ဘာလို့ ဘာမျှမရှိတဲ့ ပန်းခြံထဲလာလျှောက်နေရတာလဲ။ အပင်တွေဆိုတာလည်းကြည့်...ဘယ်နားကလှလို့လဲ။ နှင်းတွေချည်းပဲ။ ချမ်းကလည်းချမ်းနဲ့။ 😖"

အလှတရားကို နားမလည်သူတွေဆိုတာ ကြောင်ဖြူ့လို့လူမျိုးကို ပြောတာပြဲဖစ်ချေမည်။ 😑

ဒီလောက်လှပတဲ့ ရှုခင်းလေးကို...

ပတ်ဝန်းကျင်တစ်ခုလုံးမှာ မလှတဲ့နေရာဟူသည်မရှိ...

မြေပြင်ပေါ်ရှိ ဖြူဖွေးဆွတ်နေသော နှင်းခဲကော်ဇောကြီးပေါ်က ပန်းရောင်ချယ်ရီပန်းဖတ်များနဲ့ တန်ဆာခြယ်ထားလေရဲ့။

ကြည်လင်လှတဲ့ ရေခြဲပင်ပေါ်မှာလည်း အလားတူ...
ထုတ်ချင်းပေါက်အောင်ပင် ကြည်လင်လှတဲ့ ရေခဲပြင်ထက်မှာတော့ dendelion ပန်းလေးတွေက ဝဲပျံနေဆဲ။

သို့ပေမဲ့ ဒီလောက်လှပတဲ့ ရှုခင်းလေးရဲ့ နောက်ကွယ်မှာ ဘာလို့ လွမ်းမောဖွယ်ရာတွေနဲ့ ပြည့်နှက်နေသလို ခံစားနေရတာလဲ။

Sweet Like Cotton CandyWhere stories live. Discover now