Birthday present 🎁🎁🎁

2K 95 0
                                    

"ဒီဟာဝယ်မလား။"

လက်ညှိုးတစ်ထိုးထိုးနဲ့ ငပုကောင်လေးပြနေသောအရာသည်ကား ရေမွှေးထုပ်...

အနံ့မှာ ပြင်းသည်ဟုပြောရမည်ထက် ပိုပြင်းသည်။
မွှေးသည်ဟုပြောရမည်ထက် ခေါင်းမူးချင်စရာကောင်းသည်ဟုပင်ပြောရမည်...

"ဘာလုပ်ဖို့ဝယ်မှာလဲ။"

"မင်းသားကြီးဖို့ မွေးနေ့လက်ဆောင်လေ။"

"မင်းသားကြီးက ယောကျာ်းလား၊ မိန်းမလား။"

ဟုတ်သည်လေ။ ယောကျာ်းတစ်ယောက်ကို ဒီလောက်အနံ့ပြင်းတဲ့ ရေမွှေးလက်ဆောင်ပေးစရာလား 😑

"အမျက်ရှခံချင်နေလို့ မိန်းမလို့ပြောတာလား။"

ပြောနေပုံက ထိုမင်းသားကြီးဆိုသူကြားသွားရင်ပဲ ခေါင်းဖြတ်သတ်ခံရတော့မလို 😒

ပါးစပ်ကို သူ့လက်သေးသေးလေးနဲ့ အသားကုန် ဖိထားရှာတာ။ 😑

"အအားအာအယ်အမ်းအာ"

ပြောလိုသည်ကတော့ အခြားဟာဝယ်စမ်းပါလို့ ဖြစ်ပေမဲ့ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ပါးစပ်လေးကို ဆရာသမားက သူ့လက်ငန်ကျိကျိကြီးနဲ့ အုပ်ထားတော့ လုံးထွေးပြီး ထွက်လာခြင်းပေသာ 😑

"ဘာတွေပြောနေတာလဲ။"

"အင်းအင်း"

သူ့ရဲ့လက်ဖဝါးများကို လက်ညှိုးထိုးပြီးပြောလိုက်ကာမှ ဖြုတ်ကာပေးလေခြင်း...

"အခြားဟာဝယ်လို့ပြောနေတာဘိုးတော်ရဲ့။"

"ဘိုးတော်...မနှိုင်းကောင်းဖူးနော် မင်းသားလေး...
မင်းသားလေးရဲ့ ဘိုးတော်ဘုရား၊ အရှင်မင်းကြီးရဲ့ ခမည်းတော်က ဒီနိုင်ငံကြီးကို ဒီလိုတေါင့်တင်းတဲ့ အခြေအနေရောက်အောင် လုပ်ခဲ့တဲ့ဟာ...ကျွန်တော်မျိုးနဲ့ မနှိုင်းသင့်ဘူး။"

သူနဲ့တွေ့ကာမှ ဘိုးတော်ဆိုတဲ့ အသုံးအနှုန်းကိုပဲ လက်လွတ်စပယ်မပြောရဲတော့သလို 😑

သူပြောပုံထောက်ရရင် ကျွန်တော်က မင်းသားလေး...အဖေက ဘုရင်...အဲ့တာဆို ကျွန်တော့်ဘေးမှာ ရပ်နေတဲ့သူက...

"မင်းသားလေး!!!!"

ဟဲ့ပလုတ်တုတ်...
နှလုံးခုန်တွေတောင် ချက်ချင်းပင် ရပ်တန့်သွားသလို ထင်ရ၏။
သူခေါ်လိုက်သော အော်သံသည်ကား ကမ္ဘာမြေတစ်ခွင် ကြားနိုင်လောက်သည် 😖

Sweet Like Cotton CandyWhere stories live. Discover now