Part 6

5.4K 351 2
                                    

မျက်ရည်စတွေက ကျွန်တော့်ရဲ့ ပါးပြင်ထက်သို့ တစ်စပြီးတစ်စကျဆင်းလို့နေတယ်။

တစ်စုံတစ်ဦးကတော့ ကြေကွဲလှတဲ့ မျက်ဝန်းတွေနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေလျက်။

ကျွန်တော့်ရဲ့ ဘယ်ဘက်ခြမ်းက နှလုံးသားတစ်စုံဟာ တဆစ်ဆစ်နာကျင်စွာနဲ့ ကွဲကျေနေတယ်။

သူ့ရဲ့နှလုံးသားဟာလည်းဒီလိုပဲ နာကျင်နေမှာပါပဲလား။

ကျွန်တော်နာကျင်တယ်။

သူ့ဝမ်းဗိုက်မှာ ထိုးစိုက်ထားတဲ့ ဓားတစ်လက်ကို မြင်ရုံနဲ့တင် ကျွန်တော် နှလုံးသားကြီးတစ်ခုလုံးဟာ တူနဲ့ထုခံနေရသလို နာကျင်နေတယ်။

အားကိုစိုက်ကာ ပြုံးလိုက်သော ဖြူဖျော့နေသည့် သူ့မျက်နှာထက်က နှုတ်ခမ်းတစ်စုံဟာ ကျွန်တော့်ကိုပိုလို့ နာကျင်စေတယ်။

ကွင်းပြင်ကျယ်ထက်မှာ ကျွန်တော် ငိုကြွေးလို့နေလျက်။

ကောင်းကင်ကြီးမှာလည်း မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ကာ ငွေဖျော့ဖျော့ရောင် မိုးရည်စက်လေးများကို ကျွန်တော်တို့ နှစ်ယောက်ထက်သို့ တဖွားဖွား ဖြန့်ကျဲနေတယ်။

နာကျင်တယ်။ ဒီမြင်ကွင်းကို မုန်းတီးတယ်။ ကျွန်တော် ဒီနာကျင်မှုကို မခံစားနိုင်ဘူး။ ကျွန်တော့် ကမ္ဘာကြီးဟာ ပျက်သုန်းသွားသလိုပဲ။

ဟင့်အင်း...ဟင့်အင်း...

ကျွန်တော့်ရဲ့ ငြင်းဆိုသံများနဲ့အတူ အိပ်ယာပေါ်ရှိ မျက်ရည်အိုင်ထက်မှာ အိပ်စက်နေသောကျွန်တော်...နိုးထလာခဲ့တယ်။

ဟူး...

ဒီအိပ်မက်ကို မက်နေပြန်ပြီလား။

************************************

အဟမ်း...အဟမ်း...

ဒီနေ့ကတော့ ခွန်းရှီးလေးအတွက် နေ့ထူးနေ့မြတ်။ 😎😎😎

ရှင်ရင်ရွှေထီး သေရင်မြေကြီးတဲ့...

ခွန်းရှီးတစ်ယောက်အတွက်ကတော့...

ရှင်ရင်လည်းလက်ဝါး သေရင်လည်းလက်ဝါးပဲဖြစ်မှာပါလေ 😅😅😅

နှိမ်တာတော့မဟုတ်ပါဘူး 😂😂😂

ရက်ပေါင်းများစွာရဲ့ အတွေ့အကြုံတွေအရ ကောက်ချက်ချလိုက်တာပါ 😁😁😁

Sweet Like Cotton CandyWhere stories live. Discover now